Part.16

679 46 0
                                    

ဆုံးရှုံးခြင်းတွေနဲ့ နေသားကျနေ ခဲ့ပေမဲ့ ဒီတစ်ခါ ဆုံးရှုံး လိုက်ရတာက အရမ်းခံပြင်းဖို့ကောင်းတာဘဲ။
နောက်ဆုံး အချိန်ထိ အဆုံးရှုံး မခံနိုင် တော့တဲ့ သူကိုမှ ကျနော့်အနား ကနေ ဆွဲခေါ် သွားရက်တယ်။

အဆုံးသတ် ဇာတ်သိမ်းဟာ ဒီလောက်ထိ အကျည်းတန် မယ်မှန်း သိခဲ့ရင် ... ကျနော် ကိုယ်တိုင် စခဲ့မှာ မဟုတ်ဘူး ။

*******************************

"ဆရာ ....ဆရာ့ကို တွေ့ချင် လို့တဲ့..အမျိုးသမီး တစ်ယောက် တွေ့ခွင့်တောင်း နေတယ်.."

"ဝင်လာခိုင်းလိုက်"

"ဟုတ်ကဲ့...ဆရာ.."

တံခါး ကိုဖွင့်ပီး ဝင်လာတဲ့ အမျိုးသမီးကိုတစ်ခါမှ မတွေ့ဖူး ။
လှတယ်....တွေ့ခဲ့ဖူးသမျှ မိန်းမတွေ ထဲမှာတောင် သူ့လောက် လှတဲ့ သူကို တစ်ခါမှ မတွေ့ ဖူးခဲ့
မျက်ဝန်း တွေကလဲ ရဲရင့် ပြတ်သား တယ်...
လိုချင် တာကို မရ ရအောင် ယူတတ်မဲ့ ပုံစံမျိုး။ မျက်နှာက ခက်ထန်နေပေမဲ့ သူ့ရဲ့အလှတရား ကိုတော့ ဖုံးကွယ်မသွားခဲ့ ။

" ကျနော့်ကို တွေ့ချင်လို့ဆို...ဘာကိစ္စများ ရှိလို့လဲ.."

ကျနော် မေးလိုက်တော့ ထိုမိန်းမက မဲ့ပြုံး တစ်ချက်ပြုံးလိုက်သည် ။

" ကျွန်မ...ရှင့်ကိုလာကမ်း လှမ်းတာ...ကျွန်မ ကမ်းလှမ်းမဲ့ ကိစ္စကို ရှင်မငြင်းလောက်ဘူး ထင်ပါတယ်..ကို ထက် မြတ်..."

ဒီမိန်းမဟာ ခေသူ မဟုတ်
ကျနော့်နာမည် ကိုတောင် သိနေခဲ့တယ်
ကျနော့်လို လူမျိုးကို လာကမ်းလှမ်းတယ် ဆိုကတည်းက ဒီမိန်းမဟာ သာမန်တော့ မဟုတ် လောက်ဘူး ။

" ဆိုစမ်း ပါအုံး....ကျနော် မငြင်းလောက်ဘူး ထင်တယ်ဆိုတဲ့ ကမ်းလှမ်း ချက်ကြီးကို...."

ကျနော့်လို လူမျိုးက ကိုယ့်အတွက် အကျိုးမရှိရင် ဘယ်အလုပ် ကိုမှ မလုပ်တတ်ဘူး
ကျနော့် ရှေ့မှာ ထိုင်ပီး ကျနော့်ကို မတုန်မလှုပ် စိုက်ကြည့်နေတဲ့ ဒီမိန်းမရဲ့ ကမ်းလှမ်းလာမဲ့ ကိစ္စကို  တကယ် စိတ်ဝင် စားမိသည် ။

" လူတစ်ယောက်ကို ရှင့်အနားမှာ အမြဲခေါ်ထားပေးရမယ်..ပြောရရင် ရှင့်အပိုင်ဖစ်အောင် လုပ်ရမယ်..."

 My Sunshine Where stories live. Discover now