Part.18

723 49 1
                                    

ဒေါက်....ဒေါက်....ဒေါက်..

"ဝင်ခဲ့ပါ"

" 'လင်း' ငါ့ကို ခေါ်တယ်ဆို..."

" ဟုတ်တယ်..လာ ထိုင်အုံး.."

အနားက ဆိုဖာ ပေါ်မှာ ထိုင်လိုက်ပီး 'လင်း'ကတော့ တစ်ဖက်က ကျနော်နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင် လိုက်သည်။

" မင်း Double X ကုမ္ပဏီကို သိလား.."

" အင်း...သိတယ်လေ ..အခုတလော နာမည် ရနေတဲ့ ကုမ္ပဏီကြီး တစ်ခုဘဲ...သူနဲ့ အကျိုးတူ ပူပေါင်း ချင်လို့ ကမ်းလှမ်း နေကြတဲ့ ကုမ္ပဏီတွေမှ အများကြီးကို "

" အေး...ငါလဲသွားကမ်း လှမ်းထားတာ ... အဲ့တာငါ ကမ်းလှမ်းတာကို လက်ခံတယ်တဲ့"

" ကောင်းတာပေါ့.. ကုမ္ပဏီကြီး တစ်ခုနဲ့ လက်တွဲ လုပ်ရမှာ.."

" အင်း...အဲ့တာ ဒီနေ့နေ့လည် အဲ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ရမှာ... ငါ့အစား သွားပေး ပါလား... ငါ နေ့လည်ကျရင် အမေနဲ့ ဆေးရုံ လိုက်သွား ရမှာ မို့လို့"

"ဟမ်... ငါသွား လို့ဖြစ်ပါ့ မလား... ဒီလောက် အရေးကြီးတဲ့ ကိစ္စကို .. ငါ့လို ဘာမဟုတ်တဲ့ မန်နေဂျာက သွားလို့ အဆင်ပြေပါ့ မလား "

" မင်းက ငါ့ထက်တောင် အရည်အချင်း ရှိပါတယ်ကွာ..ငါကမ်းလှမ်း နေတဲ့ ရာထူးတွေကို လက်မခံ ဘဲ အဲ့နေရာမှာဘဲ နေနေ တာကို.. မင်းပြော သမျှက ငါ့စကားဘဲ...အဆင်ပြေ မှာပါ"

" အေးပါ...ငါသွားလိုက်ပါ့မယ်... မင်းအမေ ကိုလဲ သေချာ လိုက်ပို့လိုက်အုံး.. သားအမိ နှစ်ယောက် တည့်သွားတော့လဲ တပူးပူး တတွဲတွဲနဲ့..."

" မေမေက အသက် ကြီးပီ ဆိုတော့ ဂရုစိုက် ပြုစု ပေးရ တာပေါ့"

" ဟုတ်ပါပီ.... မင်းတို့ မိသားစု ပြန်အဆင် ပြေသွား လို့ ငါဝမ်းသာ ပါတယ်.."

'လင်း'တို့ မိသားစု ပြန်အဆင် ပြေသွားတော့ ကျနော် တကယ် ဝမ်းသာ ပါတယ်။
မိစုံဖစုံ ရှိနေရက်နဲ့ တစ်ကိုယ်တည်း အပြင်မှာ နေပီး မိဘ မေတ္တာကိုတောင့်တ နေရရှာတာ ကျနော်သိတာပေါ့။
သူများ မိသားစု တွေကို မြင်ရင် 'လင်း'မှာ အားကျတဲ့ မျက်လုံးတွေနဲ့ လိုက်ကြည့် နေတာ။
ကိုယ်စီ အတ္တ တွေကြောင့်သာ မခေါ်မပြောဘဲ နေနေ ကြတာ
လူစုံ တက်စုံနဲ့ သိပ်နွေးထွေးမှုရှိတဲ့ မိသားစု ထမင်းဝိုင်းလေး ကိုတော့ပြန်လို ချင်ကြမှာပေါ့။
တကယ်တော့ ချစ်ရ သူတွေ ကြားထဲမှာ အတ္တဆိုတာ မထား ကောင်းတဲ့အရာပါ ။

 My Sunshine Where stories live. Discover now