Part.4(Unicode +Zawgyi )

948 69 0
                                    

Unicode >>>>>

"ဟာ.....မမ..အစောကြီးပဲ လာတာလား ကျနော်က နေ့လည် လောက်မှလာမယ် ထင်တာ"

"ဟုတယ်.....လင်းနဲ့ မနက်စာ အတူတူ စားရအောင် စောစော ထွက်လာလိုက်တာ "

"အော်....ဒါနဲ့ မိတ်ဆက် ပေးရ အုံးမယ် မမ သူကကျနော့် ငယ်သူငယ်ချင်း ဇော်တဲ့ ..ကျနော်နဲ့အတူနေတာ"

လင်းရဲအလိုက်သတိ မိတ်ဆက်ပေးမှုကြောင့် သူနဲ့ ကျွန်မကြား ရင်းနှီးမှု လမ်းစလေး ပွင့်သွားခဲ့ တော့သည် ။

"ဇော်...မမက ငါ့အမဝမ်းကွဲ နန္ဒီတဲ့ ငါတို့ထက်၃နှစ်ကြီးတယ် "

" ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ဗျ "

နှုတ်ဆက်တာက မျက်နှာထား တည်တည်နဲ့ တကယ်ရော ဝမ်းသာရဲ့လား မသိဘူး ။

" တို့လဲ ထပ်တွေ့ရတာ ဝမ်းသာပါတယ် ဟိုတစ်ခါကူညီ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်နော်"

"ရပါတယ်...ကျနော်က အမြင်မတော်လို့ ကူညီပေးရုံပါ "

အမြင်မတော် လို့ကူညီ ပေးရုံ တဲ့လား ....
မင်းရဲ့ အမြင်မတော် တာလေးကြောင့် တို့နှလုံးသားက ဆောက်တည်ရာ မရဖစ်နေ ခဲ့ရပီ ။
အမှတ်တ မဲ့ကနေ အမှတ်တရဖစ်သွား ရတဲ့ မင်းရဲ့ လုပ်ရပ်လေးကြောင့် တို့ရင်ခုန်ခဲ့ရတယ် ...
ရင်ခုန်ရင် အချစ်တဲ့.....
အခုမှနှစ်ကြိမ်သာ ဆုံတွေ့ဖူးတဲ့ လူတစ်ယောက်ကို ချစ်မိသွားတာ သူများကြားရင် ရယ်စရာ ဖစ်နေမလား ။

"မမတို့က သိနေကြတာလား ကျနော်မိတ်ဆက်ပေးတာတောင် နောက်ကျသွားပီ"

"ဆုံဖူးရုံလေးပါ...အခုလင်း မိတ်ဆက်ပေးမှ သေချာသိရတာ"

"ဟုပါပီဗျာ....မနက်စာသွားစား ရအောင်လေ တိုက်ဘေးမှာ ကျနော်တို့ ထိုင်နေကျ ကော်ဖီဆိုင်ရှိတယ် အဲ့ဘဲသွားထိုင်ရအောင်လေ မမအဆင်ပြေတယ်မလား"

"ရပါတယ်..အဆင်ပြေတယ်"

ကော်ဖီဆိုင်က တိုက်ဘေးမှာဘဲ ဆိုတော့ သုံးယောက်သား လမ်းလျှောက်သာ ထွက်လာကြသည် ။
ဆိုင်ထဲရောက်တော့ မှာစရာရှိတာ မှာအပြီး...
လင်းနဲ့ ကျွန်မကသာ စကားတွေ အဆက်မပြတ် ပြောနေသော်လည်း သူကတော့ တစ်လုံးမှ ဝင်မပြောချေ ။

 My Sunshine Where stories live. Discover now