Part.21

622 41 1
                                    

ဆောင်းရာသီရဲ့ ညတစ်ညဟာ ချမ်းအေး နေပါသော်လည်း ဝါကျင်ကျင် အခန်း မီးရောင်အောက်မှာ ရှိတဲ့ လူနှစ်ယောက် ရဲ့ရင်ထဲ မှာတော့ အတ္တမီးတွေနဲ့ လောင်ကျွမ်း နေကြသည် ။
အမျိုးသမီး တစ်ယောက်ဟာ ဆေးလိပ်ဖြူ တစ်လိပ်ကို အရသာခံ သောက်နေပီး တစ်ဖက် အမျိုးသား ရဲ့ မျက်နှာကို စူးရှတဲ့ အကြည့်တွေနဲ့ စိုက်ကြည့် နေသည် ။
တစ်ဖက် အမျိုးသားမှာလဲ တစ်စုံတစ်ခုကို နက်နက်နဲနဲ စဉ်းစားနေဟန် ။

" ဘယ်လိုလဲ ကျွန်မပြောတဲ့ အစီအစဉ်ကို .....
သိပ်တွေဝေ နေပုံရရင်တော့ ဘာလဲ ရှင်က သူ့ကို အဆုံးရှုံး ခံနိုင်လို့လား "

" ဘယ်လိုလုပ် အဆုံးရှုံး ခံနိုင်မလဲ....
ကိုယ်တိုင် အချိန်အကြာကြီး ပြုစုပျိုးထောင် ခဲ့ရတဲ့ ပန်းလေးကို...."

" ဒါဆို ....ဘာတွေ ဒီလောက်တွေဝေ နေတာလဲ...ကိုထက်မြတ် !"

ကိုယ်သိပ်ချစ် မြတ်နိုးရတဲ့သူက တစ်ပါးသူ ရင်ခွင်ထဲမှာ ပျော်မြူးနေတာကို
တခြား သူတွေလို ရင်နာနာနဲ့ စွန့်လွှတ်လိုက်ဖို့ ကလဲ ကိုယ်က အဲ့လောက် သတ္တိမရှိ...

သူတို့နှစ်ဦးကြားမှာ ကတောက်ကဆ ဖြစ်အောင်လို့ ဟိုတလောက 'နန္ဒီ'ဆီ ဓါတ်ပုံတွေ ပို့ခဲ့ပေမဲ့ အခြေ အနေက ဘာမှထူး မလာ..
ဟိုကောင့် အပေါ်ကို အရမ်းတွေ ယုံကြည်ပေးလွန်း နေလို့
အခုတော့ ယုတ်မာပီး အောက်တန်းကျတဲ့ လုပ်ရပ်ကို လုပ်ရ တော့မယ်
ကိုယ်သိပ်ချစ် ရတဲ့ မင်းအပေါ်မှာတော့ မယုတ်မာ ချင်ပေမဲ့ မင်းကို အဆုံးရှုံး မခံရဖို့ အတွက်ဝောာ့ ယုတ်မာ သင့်ရင် ယုတ်မာ ရလိမ့်မယ် ။

" ဟုတ်ပီ... မင်းပြောတဲ့ အစီအစဉ်ကို ငါလက်ခံတယ် "

" ဟင်း....ဒီလို ပြတ်ပြတ် သားသား လုပ်စမ်းပါ...
ဒါဆို ကျွန်မပြန်လိုက် အုံးမယ်...မနက်ဖြန် အတွက် Good luck "

" ဟူး......."

ထိုမိန်းမ ထွက်သွားတော့ ကျနော် သက်ပြင်း အရှည်ကြီး ချလိုက်မိသည် ။
ကိုယ့်လုပ်ရပ်တွေက မှန်သလား မှားသလား ဆိုတာ ကိုယ် ကိုယ်တိုင် မခွဲခြား နိုင်တော့
ကိုယ်မြတ်နိုး ရတဲ့သူအပေါ်မှာ အောက်တန်းကျပီး မယုတ်မာချင်ပေမဲ့ တစ်ဖက်မှာလဲ အဆုံးရှုံး မခံနိုင်တဲ့ စိတ်က တွန်းအား ပေးနေတယ်
ကိုယ့်လုပ်ရပ်တွေ အတွက် တသက်လုံး မင်းအမုန်း တွေကို ခံရနိုင်ပေမဲ့ မင်းကိုတော့ တစ်သက်လုံး ကိုယ့်အနားမှာ ခေါ်ထားနိုင်မှာ.... ဒီတစ်ခါတော့ ကိုယ် အတ္တကြီး ပါရစေ ။

 My Sunshine Where stories live. Discover now