Part.1 (Unicode +Zawgyi )

1.9K 67 0
                                    

နွေဦးဖြစ်ဖြစ်ဆောင်းဖြစ်ဖြစ် ဘာတစ်ခုမှပြောင်းလဲသွားတာမျိုးမရှိဘူး။ကျနော်ဟာအရင်နေရာမှာ အရင်အတိုင်း အထီးကျန်မြဲပင်။

လမ်း‌‌တွေလျှောက်နေပေမဲ့လိုရာမရောက်တော့ဘူး။
လေပြေတွေကိုအေးတယ်လို့မခံစားရတော့ဘူး။
ပျော်ရွှင်ခြင်းဆိုတဲ့အဓိပ္ပါယ် ကိုမဖော်ဆောင်တတ်တော့ဘူး။

လူတစ်ယောက်ကို ချစ်ခဲ့မိလို့ ဆုံးရှူံးမှုက ဒီလောက်များလိမ့်မယ်လို့ မထင်ထားခဲ့ချေ။

>>>>>>>>>

မနက်ခင်းနေရောင်ခြည်များက လူကိုစိုက်ကြည့်နေသယောင် မျက်နှာပေါ်သို့စူးပီးထိုးကျနေသောကြောင့် မျက်လုံးများချက်ချင်းမဖွင့်နိုင်သော်လည်း အားယူပီးကြိုးစား၍ဖွင့်ခဲ့ရသည်။အချိန်ကိုကြည့်လိုက်တော့နံနက်10နာရီပင်ရှိလေပီ။

📲📲🎶🎶🎶🎶🎶🎵🎵

"ဇော်......နိုးပီလား"

"အေး..လင်း...ငါအခုပဲနိုးတာ"

လင်းက အထက်တန်း ကတည်းက ခင်ခဲ့ရတဲ့ကျနော့်ရဲ့တဦးတည်းသော သူငယ်ချင်းပင်။

"ဒီနေ့ Sunday(အလုပ်ပိတ်ရက်)မို့ မင်းအိပ်ယာထနောက်ကျမှာသိလို့ ငါမနက်စာပြင်ပေးခဲ့တယ်"

"အင်း....မင်းရောမင်းမိဘအိမ်ရောက်ပီလား.. အန်တီ့ကိုလဲ စကားကောင်းကောင်း ပြောအုံးနော်... ကိုယ့်အမေဘဲလျှော့ သင့်တာအလျှော့ပေးလိုက် "

"အေးပါ... မင်းလဲနိုးပီဆိုတော့လုပ်စရာရှိတာလုပ်တော့လေ..ငါဖုန်းချလိုက်တော့မယ်"

ဖုန်းပြောပီး မျက်နှာသစ်ရန်ရေချိူခန်းထဲသို့ဝင်လာလိုက်သည် ။

လင်းပြင်ပေး ခဲ့တဲ့နံနက်စာ စားအပီး....
အိမ်သန့်ရှင်းရေးလုပ် ၊ ပစ်စရာရှိတာပစ် ၊ လျှော်စရာရှိတာ လျှော်ကာ တစ်ပတ်အတွင်း ပစ်ထားခဲ့တဲ့ တအိမ်လုံးက အလုပ်များကို ရုံးပိတ်ရက် တစ်ရက်သာသိမ်ကြုံး လုပ်ရသည် ။

တိုက်ခန်း တစ်ခုထဲမှာ လင်းနဲ့ ကျနော် နှစ်ယောက် အတူနေတာ ။ အလုပ်ကတော့ အတူတူ လင်းက ကုမ္ပဏီပိုင်ရှင် ကျနော်ကသူ့အလုပ်သမားပေါ့ ။

 My Sunshine Where stories live. Discover now