Part.24

695 42 2
                                    

မနက်ခင်းမှာ ကျရောက်လာတဲ့ နေရောင်ခြည် နွေးနွေးလေးများ၊
ကျေးငှက်လေးများ၏ တီးတိုး အော်မြည်သံ များနှင့် နိုးထ လာရသော ဒီမနက်ခင်းလေးဟာ ကျွန်မအတွက် သာယာမှု မရှိနိုင်ပါ ။

တစ်ညလုံး စဉ်းစားပီး ချခဲ့ရတဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ လုပ်သင့်တာတွေ လုပ်ရအုံးမည် ။
တစ်စုံတစ်ယောက်အတွက် စဉ်းစားပီး ချခဲ့ တဲ့ ဆုံးဖြတ်ချက်က တစ်စုံတစ်ယောက်ကိုဘဲ နာကျင် စေမှာ ဖြစ်တဲ့အတွက် ကျွန်မစိတ်တွေထဲ အရမ်း မွန်းကြပ် နေရသည် ။

ကျွန်မ တစ်ကိုယ်လုံးက အားတွေမရှိတော့အောင် ကျွန်မ ခန္ဓာကိုယ်ဟာ အရမ်းပင်ပန်း နေပီ ၊
ငိုရလွန်းလို့ မျက်လုံးများဟာလဲ ကျိမ်းစပ် နေခဲ့ပီ ၊

ခုတင်ပေါ်ကနေ ဖြေးညင်းစွာ  ဆင်းလိုက်ပီး ပြတင်း ပေါက်နားရပ်ကာ အပြင်ဘက်က ရှုခင်းကို ငေးကြည့် နေမိသည် ။
ဒါပေမဲ့ အကြည့်နဲ့ အသိက တခြားစီ ဖြစ်နေပီး စိတ်နဲ့လူကလဲ အတူရှိ မနေ....
အသက်မရှိတဲ့ လူတစ်ယောက်လို ခံစားချက်တွေ ကင်းမဲ့ နေသည်
.... မဟုတ်ဘူး... ခံစားရတာ များပီး ထုံကျဉ် နေခြင်းဖြစ်သည်  ။

ခဏအကြာ မလှုပ်မယှက် ရပ်နေမိပီး အတွေးထဲ ဖျတ်ကနဲ့ ဝင်လာတာက ဒယ်ဒီ......
ဒယ်ဒီ့အတွက် မနက်စာလေး ကိုယ်တိုင် ပြင်ပေးချင်တာကြောင့် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည် ။

" ဒေါ်တင် .... သမီး ကိုယ်တိုင် ဒယ်ဒီ့ကို မနက်စာပြင်ပေးချင်လို့... ဒေါ်တင် အခြားလုပ် စရာရှိတာ သွားလုပ်လိုက်ပါ...."

" ဟုတ်ပီ...ဒါဆို ... ဒေါ်တင် ဈေးသွားလိုက် တော့မယ် "

ဒေါ်တင် ထွက်သွား ပီး........
ရေခဲသေတ္တာ ကိုဖွင့်ကြည့် လိုက်တော့ အသီးအရွက် တချို့ကို တွေ့ရသည် ။
ဘာလုပ်ပေးရမလဲ စဉ်းစားနေတုန်း  မာမီ ကြော်ကြွေးဖူးတဲ့ ထမင်းကြော်လေးကို သတိရလိုက် မိသည် ။
ဒယ်ဒီ့ကို မာမီ ကြော်ကြွေးဖူးတဲ့ ထမင်းကြော်လေး ကြော်ကြွေး လိုက်မယ်လို့ စိတ်ကူး လိုက်ပီး အသီးအရွက် များကို စတင်လှီးချွတ် တော့သည် ။
စိတ်ပါ လက်ပါနဲ့ အားလုံး ပြင်ဆင်အပီး ဒယ်ဒီ ဆင်းလာမဲ့ အချိန်ကို စောင့်နေလိုက်သည်  ။
မကြာပါ ခဏနေတော့ ဒယ်ဒီ ဆင်းလာခဲ့သည် ။

 My Sunshine Where stories live. Discover now