Part.8(Unicode+Zawgyi)

894 60 0
                                    


Unicode>>>>>>>>

ချစ်ခြင်း မေတ္တာဟာ ကိုယ်က ပေးနေ ရုံနဲ့ ပြန်ပီး ရတတ် တာမှ မဟုတ်တာ။
‌‌ နောက်ပြီး အချစ်တွေကိုလဲ ကိုယ်ကပေးနေ ရုံနဲ့  ပြန်ပီး အချစ်ခံရတာ မှမဟုတ်ဘဲ ။
ကိုယ်ပေး သလို ပြန်ရ တာဆိုလို့ ‌ဝဋ်တွေပဲ ရှိတယ်။

ချစ်ရမှာ ကြောက်နေတဲ့ လူတစ်ယောက်မှာ အချစ်ကိုကြောက်ရမဲ့ လုံလောက်တဲ့ နာကျင်ခြင်းတွေ ရှိနေလို့ မဟုတ်လား ။

တချို့ဒဏ်ရာတွေက သွေးထွက်ပေမဲ့ အချိန်တန်ရင် ပျောက်သွားတယ်။တချို့ဒဏ်ရာတွေကျတော့ သွေးမထွက်ပေမဲ့ သေမတတ်နာကျင်နေရတုံးဘဲ။

********************

" 'ဖြူ' ငါ့ကို ပြန်ပြောပါအုံးဟ...ငါဘာဆက်လုပ်သင့်လဲ"

ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ ဂနာမငြိမ်တဲ့ 'နန္ဒီ'ကို ကြည့်ရင်း ကျွန်မခေါင်းသာ ရမ်းမိသည် ။

" 'နန္ဒီ'ရယ် ငြိမ်ငြိမ်ထိုင်စမ်းပါ ...နင်ကိုကြည့်ရင်း ငါခေါင်းတောင်မူးလာပီ.....
ငါထပြန်လိုက်မှာနော်...."

ဟောက်လိုက်မှ ဆိုဖာမှာ ဝင်ထိုင်လာသည့် 'နန္ဒီ'ကိုကြည့်ရင်း ကျွန်မ သက်ပြင်း တစ်ချက် ချလိုက်မိသည် ။
အရေးကြီးကိစ္စရှိလို့ သူ့ဆီအမြန်လာပေးပါဆိုလို့ ကျွန်မမှာ လုပ်လက်စအလုပ်တွေကိုပင် ပစ်ထားခဲ့ပီး သူ့ရုံခန်းဆီ အပြေးလာခဲ့ရသည်။

" ငါ့မှာ အရေးကြီးတယ်ဆိုလို့ အပြေးလာခဲ့ရတာ..
ဒီရောက်တော့ ကိစ္စက အရမ်း‌အရေးကြီးတယ် ဆိုတော့န ငါမောလာတဲ့အမောတောင် စို့သွားတယ် "

" ငါ့အတွက်တော့ အရမ်းအရေးကြီးတယ်ဟ...
လုပ်ပါ..ငါ့ကို ကူစဉ်းစား ပေးပါအုံး "

" နန္ဒီမရယ်...'ဇော့်'သူငယ်ချင်းလဲ ဖြစ်ချင်ဖြစ်မှာပေါ့"

" 'ဇော့်မှာ မိန်းကလေးသူငယ်ချင်း ရှိတယ်လို့မှ မကြားဖူးတာ..
'လင်း'ကလွဲရင် ဇော့်ဘေးမှာ တခြားသူငယ်ချင်းဆိုတာလဲ တွေ့မှမတွေ့ဖူးဘဲ "

မနက်က အိမ်မှာ မနက်စာ မစားဖြစ်ခဲ့တော့
ကော်ဖီဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်လိုက်သည် ။
ကော်ဖီထိုင်သောက်နေရင်း အမှတ်မထင်
'ဇော်'နဲ့ ကောင်မလေးတစ်ယောက် လက်ချင်းချိတ်ပြီး ဆိုင်ထဲက ထွက်သွားသည်ကို တွေ့လိုက်ရသည်။

 My Sunshine Where stories live. Discover now