Part.2 (unicode +Zawgyi )

1.1K 68 1
                                    

Unicode>>>>>

ရုတ်တရက်နန္ဒီ အော်သံကြောင့်............

"ဘာဖြစ်တာလဲ..နန္ဒီရယ်.အလန့်တကြားနဲ့"

နန္ဒီ့မျက်နှာလေးရှုံ့မဲ့ နေကာ တခုခုကိုစိုးရိမ် ‌နေဟန်ဖြင့်....

"ငါ......ဟို.. ဟိုဟာ..လာနေပီထင်တယ်"

လမ်းလျှောက် ယုံဘဲဆိုပီး ပိုက်ဆံအိတ် ပင်ယူမလာ ။
ကားနဲ့ကလဲ တော်တော် လေးလှမ်းသည် ။
ဝတ်ထားတာ စကပ်အဖြူရောင် ဆိုတော့ သူငယ်ချင်းနှစ်ယောက်ပြာ နေကြသည် ။

"အကူအညီလိုနေတယ်ထင်လို့"

အသံလာရာကို အကြည့်ပို့လိုက်ရာ အင်္ကျီလေးကမ်းပေးနေသော ယောင်္ကျားလေးတစ်ယောက်.. ယောကျာ်းလေး ဖစ်နေသည့် အတွက် နန္ဒီတစ်ယောက်မျက်နှာပူကာ ခေါင်းငုံ့သွား ခဲ့ရသည် ။

"မရှက်ပါနဲ့ဗျ..... ကျနော်လဲ မိန်းကလေးတစ်ယောက်ပါ "

သူပြောလိုက်တဲ့ စကားကြောင့် ကျွန်မ ခေါင်းပြန်မော့ပီးသေချာကြည့် လိုက်ရာ...

T.shirtအနက် လေးကို ဂျင်းဘောင်းဘီ နက်ပြာလေးနဲ့ တွဲဖက်ဝတ်ဆင် ထားသော ကောင်လေးမဟုတ်တဲ့.........

အရပ်ခပ်မြင့်မြင့်နဲ့ ဆံပင်ကို ခပ်အုပ်အုပ်လေး အရှေ့သို့ချထားသည် ။
မျက်ခုံးထူထူ ၊မျက်လုံးဝိုင်းဝိုင်း လေးထဲမှာမှ မျက်ဆံနက်နက်လေးနဲ့ ချစ်စရာအတိ....
နှုတ်ခမ်း သေးသေးလေး
နှာတံချွန်ချွန် လေးတို့မှာ မျက်နှာကျနှင့် အလွန်ကြည့် ကောင်းလှသည် ။

အကျီကမ်း ပေးလာသော ဖြူဖြူ‌ ဖွေးဖွေး လက်မှာလဲ အကြော စိမ်းလေးများထောင် နေသည်မှာ အူယားစရာ ကောင်းလှသည် ။
တစ်ကိုယ်လုံးမှာ မိန်းကလေးနဲ့ တူသည့် နေရာတစ်နေရာမှ မရှိသည့် ထိုလူကို သူကိုယ်တိုင်မှ မပြောလျှင် မည်သူကများ မိန်းကလေး ဆိုတာ သိနိုင်မည်နည်း ။

"ကျေး .... ကျေးဇူး ..တင်ပါတယ် "

ကမ်းပေးနေသော အကင်္ကျီလေးကို လှမ်းအယူ သူ့လက်လေးနှင့် မတော်တဆ ထိမိသွားတဲ့ တခဏမှာ ကျွန်မ ရင်ဘတ်ထဲတွင် ငလျင်တစ်ခု လှုပ်ခတ်သွားသလို ခံစားလိုက်ရသည် ။
မူမမှန်တော့တဲ့ ရင်ဘတ်ကြောင့် စကားတွေပင် ထစ်ထစ်ငေါ့ငေါ့ဖြင့် ထွက်သွားခဲ့ရသည် ။

 My Sunshine Where stories live. Discover now