" 'မ' .....ဘယ်လို ဖြစ်နေတာတုန်း..ခုနကမှ ဆေးရုံက ဆင်းလာတာလေ....အေးအေးဆေးဆေး အိမ်မှာ ဘဲနားနေပ့ါလား..."
" အိမ်မှာက နေ့တိုင်း နေနေရတာလေ....ပျင်းစရာကြီး.. အခု ကုမ္ပဏီသွားပီးရင်လဲ အိမ်ဘဲပြန်လာရမှာလေ မဟုတ်ဘူးလား..."
" 'မ'!"
ဘုကလန့်ပြောလာတဲ့ မကြောင့် စိတ်ပေါက်ပေါက်နဲ့ အော်လိုက်မိတော့တယ် ။
" လန့်လိုက်တာ...'မောင်'ရယ် ဖြေးဖြေ အော်ပါ.."
" လန့်သွားတာလား..
မရည်ရွယ်ပါဘူး...'မ'က ပြောစကားမှ နားမထောင်တာ.."ခုနကဘဲ အော်ပီး..အခု ချက်ချင်းမျက်နှာငယ်လေးနဲ့ ပြောလာတဲ့ 'မောင့်'ကြောင့် ကျွန်မမှာ သဘောကျလို့မဆုံး ။
'မောင်' ...ဟုတယ် ကျွန်မအရမ်း ခေါ်ချင်ခဲ့သော နာမ်စားလေးတစ်ခု...
ဆေးရုံမှာ ပထမဆုံး ခေါ် လိုက်တုန်းက ကျွန်မကို ပြူးကြောင်ကြောင်လေး ကြည့်နေခဲ့တဲ့ 'မောင့်'ဟာ သိပ်ချစ်ဖို့ ကောင်းလွန်းတယ် ။
မောင်လို့ ခေါ်တာလေးကိုလဲ အရမ်းသဘောကျသေးတယ်တဲ့......။" 'မ'ကို ကုမ္ပဏီသွားခွင့် မပေးဘူးပေါ့.."
ခေါင်းလေးကို တဆက်ဆက်ညိမ့်ပြနေတဲ့ မောင့်ပုံစံလေးဟာ တကယ်ကိုအူယားစရာကောင်းလွန်းနေသည် ။
"အင်း.....ဒီနေ့တော့ မသွားနဲ့အုံး...
'မောင်' ဒီနေ့ ခွင့်ယူထားတာဆိုတော့ 'မ'နဲ့ အတူအိမ်မှာ နေပေးမယ်"" ဟဲဟဲ ..'မောင်'က အတူနေပေးမယ်ဆိုတော့ မသွား တော့ဘူး...."
" အလည်လေး... တမင်ညဏ်များတာ မဟုတ်လား"
ကျွန်မ ခေါင်းလေးကို အသာပုတ်ကာ ..'မောင်'ဟာ အပြုံးလေးနဲ့ ပြောလာခဲ့တယ် ။
မောင့်ရဲ့အပြုံး .....
မောင့်ရဲ့ ပထမဆုံးအပြုံး...
ဟုတယ် ဒါဟာ..'မောင်' ပထမဆုံး အကြိမ်ပြုံးခြင်းဖြစ်သည် ။
ကျွန်မနဲ့တွေ့တဲ့အချိန်ကစပြီး မောင်ဟာအရယ်အပြုံးမရှိဘဲ နေလာခဲ့တာ....
အခုမောင့်ရဲ့အပြုံးကို ပထမဆုံး မြင်ဖူးခြင်းရုပ်တည်တည်နဲ့ မောင်ဟာ တည်ကြည်ခန့်ညားသလို...
အခုလို အပြုံးလေးနဲ့ကျပြန်တော့ ကလေးဆန်ပြီး ချစ်ဖို့ကောင်းလွန်းသည် ။
YOU ARE READING
My Sunshine
Randomမချစ် တော့ဖို့ အတွက် ရွေးမိတဲ့ လမ်းမှာ ကျနော်လက်နက် ချခဲ့ ရတယ်။ အဆင် မပြေ တဲ့တနေ့တာ ရဲ့အဆုံးမှာ မင်းလက်ဖဝါး နွေးနွေးလေး ကိုသာ ဆုတ်ကိုင် ခွင့်ရခဲ့ရင် ကိုယ်ဒီ ဘဝကို အရှုံးပေး တော့မှာ မဟုတ်ဘူး။ Cover photo crd to owner #