Part 1

9.4K 384 9
                                    

red carpet မှာ ကြွကြွရွရွလျှောက်လှမ်းလာတဲ့ အဖြူရောင် suit နဲ့ အမျိုးသားလေးဟာ
ထိုနေရာမှာရှိတဲ့ သတင်းထောက်တွေက အစ
ပရိတ်သတ်တွေအဆုံး လူထုအားလုံးရဲ့ အကြည့်တွေကို သိမ်းပိုက်ထားလေသည်
camera ရှိရာဘက် အကြည့်ပို့ကာ ပြုံးပြလိုက်သည့်အခါမှာတော့
အဲ့ဒီနေရာက လူတွေတင်မက screenထက်မှ
စောင့်ကြည့်နေများပါ တအားအားနဲ့
ထအော်ကြလေသည်
တစ်ချို့ဆို "ရှောင်းကျန့်ရာ အဲ့လောက်ထိ ချစ်ဖို့ကောင်းနေဖို့ လိုလို့လား "ဆိုပြီး
အားမလို အားမရ ငြီးတွားနေသေးသည်

သေချာတာကတော့ လူတိုင်းရဲ့ စိတ်ထဲမှာ ရှောင်းကျန့်ဆိုတဲ့ ခပ်ချောချောအမျိုးသားလေးအား အသည်းတယားယား ဖြစ်နေကြမှာတော့ မလွဲဧကန်ပေ

ပြည်သူလူထု၏ အချစ်နဲ့ထိုက်တန်လှသော
ထိုအမျိုးသားလေး screenပေါ်မှာပဲ
အပြုံးချိုချိုတို့နဲ့ ဖော်ရွေတတ်သူမဟုတ်
နောက်ကွယ်မှာလည်း သဘောမနော ဖြူစင်ကာ လူတိုင်းအား တလေးတစားဆက်ဆံတတ်တာကြောင့် ဝန်ထမ်းများမှာ လည်း
သူတို့ရဲ့ မင်းသားချောလေးအား
အလွန်တရာ ချစ်ခင်လေးစားကြသည်လေ

ဒါအပြင့်
သူတို့မင်းသားလေးကိုလည်း တတ်နိုင်သလောက်ကာကွယ်တတ်ကြသေးတာ
အကြောင်းကား အလွန်အမင်း ချစ်ဖို့ကောင်းနေသော မင်းသားချောလေးကို ချူချင်သူကများတာကိုး
ပုံမှန်သူဌေးသားငယ်ငယ် သူဌေးသမီးငယ်ငယ်တွေရဲ့ လက်ထဲက ကာကွယ်ပေးရတာ မခက်ပေမယ့်
ရာထူးအာဏာကြီးကြီး အဖိုးကြီးများကပါ လာနွှယ်ရင်တော့ သူတို့အတွက်မလွယ်လှ

ယခုလည်း ကျန်းချန်ရဲ့ မျက်နှာက မိုးကြိုးအစင်းရာပစ်ထားသည့်နှယ် မည်းပုပ်လို့
တောက်တစ်ခေါက်ခေါက်နှင့်
စိတ်တိုနေသလောက်
ကာယကံရှင် ယုန်ကြီးဟာတော့ တခစ်ခစ်နှင့် ကျန်းချန်အား စိတ်လျှော့ဖို့ပြောနေလေရဲ့

"အဲ့မှာ ရယ်ပဲရယ်နေလိုက် ဒီလိုဆို ငါမင်းရဲ့ မန်နေဂျာ မလုပ်တော့ဘူး
ကြာရင် ဒေါသထွက်ရတာနဲ့ အသက်တိုမှာပဲ "

"အဲ့လောက်ကြီး စိတ်မပူပါနဲ့
မင်းသူငယ်ချင်း ငါက ယောက်ျားလေးပါ
မိန်းမပျိုလေးကို အမယ်အိုကြီးက စိတ်ပူနေတာကျနေတာပဲ "

Oh My Crush, Emperor Wang [Complete]Where stories live. Discover now