Part 15

2.9K 219 12
                                    

"အဆင်ပြေနေရဲ့လား "

"မြို့ထဲထိ အန္တရာယ်ကင်းကင်းရောက်ရှိသွားပြီ အရှင်
ကိုယ်ရံတော်မော့တို့အဖွဲ့က မျက်ခြေမပျက် လိုက်ပါစောင့်ရှောက်နေပါတယ် အရှင် "

"အန္တရာယ် မဖြစ်ရင်ရပြီ
ကိုယ်တော်တို့ ဝမ်ကိုပြန်မရောက်မရောက်မချင်း သေချာလေးစောင့်ရှောက်ထား "

"အမိန့်တော် အတိုင်းပါ အရှင်"

ကိုယ်ရံတော်က တင်ပြစရာရှိတာများကို လျှောက်ထားပြီးနောက်
ထွက်ခွာသွားသည့်အခါ တစ်ယောက်တည်းအတွေးများပြီး ကျန်ရသူက ဝမ်အရှင်သာ

သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ရှောင်းကို လက်လွှတ်လိုက့ဖို့ ဆုံးဖြတ်ခဲ့တာ လွယ်ကူလှတာတော့ မဟုတ်

မချစ်တော့ဖို့ ကြိုးစားနေပေမယ့်
လုံးဝကြီးလျစ်လျူရှုထားဖို့ကတော့ မလုပ်နိုင်သေး

အနည်းဆုံးတော့ ကောင်းကောင်းရှိနေတယ်ဆိုတာလေး သိထားရင်ရပြီ

အတွေးများကာ ရပ်နေတုန်း
ကျောဘက်မှ လူတစ်ယောက် ဖက်လာသည်ကို သတိထားမိလိုက်တာနဲ့ ချက်ချင်း

နဂိုဝမ်းနည်းရိပ်သန်းနေတဲ့မျက်နှာတော်က ကြည်လင်လာခဲ့သည်

သူ့အနားမှာ လိုလိုလားလားနဲ့တွယ်ကပ်တတ်သူဟာ နှစ်ယောက်မှ မရှိတာ

သေချာပေါက်ရှောင်းကျန့်ပေါ့

"အရှင့်ကို ရှာနေတာ ကျွန်တော်နိုးလာတော့ အနား မှာမရှိလို့လေ "

ခပ်ချွဲချွဲအသံလေးနဲ့ပြောလာသည်ကြောင့် ဝမ်ရိပေါ်မှာ ချက်ချင်းပင်လှည့်ကာရင်ခွင်ထဲရောက်လာတဲ့မျက်နှာလေးကို အသေအချာ
ကြည့်လိုက်သည်

တော်တော်လေးချစ်ဖို့ကောင်းတဲ့ မျက်နှာထားလေးနဲ့ ရွှန်းလဲ့ကြည်စင်နေတဲ့ အကြည့်တို့ကြေင့်
နဖူးပေါ်ခပ်ဖွဖွအနမ်းလေး ပေးလိုက်တော့
ကျေနပ်ကာ အလှဆုံးပြုံးပြပြန်သည်

"အရှင်က ကျွန်တော့ကို ရူးသွားစေချင်နေတာပဲ "

"ဟောဗျာ ကိုယ်တော် ဘာလုပ်လို့လဲ "

"အရှင်မသိပါဘူး....အရှင်ပေးအနမ်းတစ်ပွင့်က ကျွန်တော့အတွက် ဘယ်လောက်ထိသက်ရောက်မှုရှိနေလဲဆိုတာ "

Oh My Crush, Emperor Wang [Complete]Where stories live. Discover now