Part 6

3.4K 274 2
                                    

ဘုရင်ကြီးကို လိုက်ဖို့ဆုံးဖြတ်ထားသည်မို့
ရှောင်းကျန့်ဟာ ဘုရင်ကြီးအနား တစ်ရက်မပျက်နေ့တိုင်းအရောက်သွားသည်
သူ့မှာ အခြားလုပ်စရာ အလုပ်ရယ်လို့ မယ်မယ်ရရ ရှိမနေတာလည်းပါတာပေါ့

ဘုရင်ကြီးကတော့ သူလိုက်ကပ်တွယ်နေသည့်အပေါ် မလိုလားဟန်မပြသလို
ပျော်နေသည်တော့လည်းမဟုတ်
သိပ်ကိုခန့်မှန်းရခက်တဲ့ ဘုရင်ကြီးက အမြဲတမ်း မျက်နှာတည်တည်နဲ့သာ
ရှောင်းကျန့်သာ အဲ့မျက်နှာချောချောကို သဘောမကျနေဘူးဆို ကျိန်ဆဲပီးနေတာကြာပီ

တစ်ဖက်သားက အလိုက်တသင့်နေတတ်အောင်တော့ နည်းနည်းလောက်ဖြစ်ဖြစ်တုံ့ပြန်ပေးမှပေါ့

ခုများတော့ အမှောင်ထဲ အကန်းကြီးလမ်းလျှောက်နေရသလိုနှယ်
ကြိုးစားသမျှ အရာထင်ရဲ့လားပဲ မသိ
ဒါပေမယ့် ရှောင်းကျန့်တို့က ဂရုမစိုက်ပါဘူး
နဂိုတည်းက ဘယ်အလုပ်မဆိုတစိုက်မတ်မတ်ကြိုးစားတတ်သူမို့
ဘုရင်ကြီးရဲ့ စိတ်ကို မလှုတ်ခတ်နိုင်မချင်း
လက်လျှော့မည်မဟုတ်

ယခုလည်း နန်းတော်အနှံ့လှည့်လည်ကြည့်ရှုစစ်ဆေးနေတဲ့ ဘုရင်ကြီးရဲ့ဘေးမှာ ကန့်လန့်ကန့်လန့်နဲ့ပါလာတာကိုပဲကြည့်လေ

ဘုရင်ကြီး ယိုယွင်းနေတဲ့ နန်းဆောင်ဟောင်းတွေကို ပြုပြင်ဖို့ အထိန်းတော်ကြီးကိုမှာကြားနေခဲ့သလို
ရှောင်းကျန့်ဟာလည်း ဘုရင်ကြီးအား အရိပ်တကြည့်ကြည့်နှင့် 
အကြည့်လွှဲဖို့ပင် သတိမရ

"အရှင် မယ်တော်ကြီးနန်းဆောင်ဝင်ခဲ့ဖို့
အကြောင်းကြားထားပါသေးတယ် အရှင် "

"သွားတာပေါ့ "

အရှင်ဟာ ကြင်ယာတော်အားတစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးမှ ဖြေပေးခဲ့တာဖြစ်သည်
ပုံမှန်ဆို အရှင်က မယ်တော်ကြီးနဲ့ ကြင်ယာတော်ရှောင်း ထိပ်တိုက်တွေ့မှာမျိုးကို မလိုလားသူပါ
ခုရက်ပိုင်အရှင် ဘာတွေတွေးနေလဲ ဆိုတာ
အထိန်းတော်ကြီးပင် လိုက်မှီအောင်မတွေးနိုင်တော့ချေ

ကြင်ယာတော်အားကြည့်တော့လည်း
မျက်နှာတစ်ချက်မဲ့သွားခြင်းပင်မရှိ
မဟုတ်မှ သူတို့မသိလိုက်ခင်
ကြင်ယာတော်နဲ့ မယ်တော်ကြီး တည့်သွားတာများလား
​သိပ်တော့မဖြစ်နိုင်ပေမယ့် ဟုတ်ခဲ့ရင်တော့ သိပ်ကောင်းတာပေါ့ အရှင်က
မယ်တော်ကြီးနဲ့ ကြင်ယာတော်ရဲ့ ရန်ပွဲတိုင်းမှာ မြေစာပင်မဖြစ်စရာလိုတော့ဘူးလေ

Oh My Crush, Emperor Wang [Complete]Where stories live. Discover now