Part 2

4.6K 335 4
                                    

ရှောင်းကျန့် အသိပြန်ဝင်လာတဲ့ အချိန်မှာ
ရှေးအပြင်အဆင်နဲ့ အခန်းတစ်ခုထဲသို့ ရောက်နေခဲ့တာဖြစ်ပြီး
ေဘးမှာလည်း သမားတော်ဖြစ်ဟန်တူသော
အသက်ကြီးကြီး ယောက်ျားကြီးတစ်ယောက်ရန် အပျိုတော်ဖြစ်ဟန်တူသော မိန်းမပျိုလေးအချို့ရယ် ရှိနေခဲ့တာကြောင့်
ရိုက်ကွင်းမှာ ရောက်နေခဲ့တာလားဟု တွေးမိပြီးနောက် တစ်ဆက်တည်းမှာပဲ
သူဒီလအတွင်းမှာ သူ့အလုပ်တွေလက်စသတ်ထားကြောင်း သတိရသွားသည်
ဒီရက်ပိုင်း သူမှာရိုက်စရာ ဘာဇာတ်လမ်းမှ မရှိပါဘဲ

လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး နားလည်သွားအောင် အတွေးနယ်ချဲ့မိတော့
သူ့ရဲ့ မတော်တဆ ဖြစ်ရပ်တို့ကို အကုန်မှတ်မိလာပြီး အဲ့အချိန်က နာကျင်မှုက အစ မှတ်မိနေတုန်း

ဒါဆို ဘာလို့ ခေတ်မှီ​ပြီး စက်ကိရိယာစုံတဲ့ နာမည်ကြီးဆေးရုံ ေရာက်မနေဘဲ
ဒီလိုခပ်ကြောင်ကြောင်နေရာကို ရောက်နေရတာလဲ
ကျနချန်လက်ချက်များလား
ရှေးရိုးစွဲလိုက်ပုံများ

ရှောင်းကျန့်မှာ ကျန်းချန်အားမကျေမချမ်းဖြစ်နေတုန်း ရုတ်တရက် အခန်းထဲ ရောက်လာသူကြောင့် ယောင်ရမ်းကာ ငေးမောမိသွားသည် အထိ
ခမ်းနားတောက်ပြောင်လွန်းလှ ဝတ်ရုံတော်နဲ့
ခန့်ညားလှတဲ့ ရုပ်ရည်သွင်ပြင်ရှိတာကြောင့် အင်မတန်ကြည့်ကောင်းတာကတော့ မညာတမ်းဝန်ခံရမည်

ငေးလို့ကောင်းနေတုန်း သူ့အနား အနီးကပ်ရောက်လာကာ ရှေ့တည့်တည့်မှာ ဝင်ထိုင်သူက ရှောင်းကျန့်အား အနီးကပ် visual နဲ့ သတ်ချနေတာ မဟုတ်ဘူးလား
မဖြစ်စဖူး ရှောင်းကျန့်မှာ လူတစ်ယောက်အား ကြွေဆင်းလုနီးပါး ဖြစ်သွားရသည်

ဒီမင်းသားအတော်ချောတယ်
တက်သစ်စလေးဖြစ်မယ် ခုမှတွေ့ဖူးတာဆိုတော့
နောက်မှ ကျန်းချန်းကိုသေချာ စုံစမ်းခိုင်းရမယ်
အဟိ ကိုယ့်အတွေးကိုယ် သဘောကျပြီး မထိန်းနိုင်စွာ ရယ်လိုက်မိသည်အထိ

"သမားတော်ကြီး ကြင်ယာတော်က
ထူးဆန်းနေတယ် အပြည့်အဝမကျန်းမာသေးတာလား"

ကိုယ့်အား အကြည့်မပျက်ဘဲ ေနာက်ပါးမှ သမားတော်ဆီ စကားလှမ်းပြောလိုက်ပုံက
အသက်ပါလွန်းတဲ့ သရုပ်ဆောင်ချက်ဘဲ နည်းနည်းလေးမှ မပီပြင်တာမျိုးမရှိ
ဒီကလေးတော်လှချည်လား
သူက ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးသရုပ်ဆောင်လို့ထင်နေတာ ဒီကလေးလည်း သူ့ကိုမှီသားပဲ

Oh My Crush, Emperor Wang [Complete]Where stories live. Discover now