Part 7

3.2K 252 2
                                    

သိပ်သည်းလာသော အလွမ်းတွေကြောင့်
ဝမ်ရိပေါ်ဟာ သူ့ရဲ့ကိုယ်ပိုင်နေရာလေး ဖြစ်တဲ့ 'ဟွားရှောင်း´ နန်းဆောင်သို့ ရောက်လာခဲ့သည်
ထိုအဆောင်လေးမှာ ရှောင်းရဲ့အသုံးအဆောင်အဟောင်းတွေအပါအဝင် ရှောင်းလက်နဲ့ထိတွေ့ထားသမျှအရာအားလုံးကို ဝမ်ရိပေါ်က တမြတ်တနိုးစုဆောင်းကာ သိမ်းဆည်းထားသည်မို့
ရှောင်းကိုပွေ့ဖက်လိုစိတ်ရှိလာတိုင်း
ထိတွေ့လိုစိတ်ရှိလာတိုင်း
ဝမ်ရိပေါ်က ထိုအဆောင်သို့ လာနေတတ်သည်
ရှောင်းစိတ်ကွက်ခြင်း မခံချင်တဲ့ ဝမ်ရိပေါ်က
ရှောင်းမကြိုက်တာကို အတတ်နိုင်ဆုံး ဆင်ခြင်ပေးခဲ့သူ
သူ့မြတ်နိုးရတဲ့ရှောင်းက သူ့ဆီမှ ထိတွေ့ခံရခြင်းအား အလွန်တရာမုန်းပါသည်တဲ့လေ

ဝမ်ရိပေါ်က ေရှာင်းအမြဲ ပန်ဆင်လေ့ရှိတဲ့
ကျောက်စိမ်း ဆံထိုးအဟောင်းလေးကို
ယူကြည့်မိရင်း
ရှောင်းနဲ့ပထမဆုံး တွေ့ခွင့်ရတဲ့
အချိန်တို့အား ပြန်လည်တွေးတော နေမိသည်

ထိုနေ့က ရှောင်းမှာ ထိုဆံထိုးလေးဖြင့်
ဆံနွယ်လေးများကို တစ်ဝက်ချ တစ်ဝက်ထုံးဖွဲ့ကာ ရိုးရှင်းတဲ့အပြင်အဆင်နဲ့ပင် ဝမ်ရိပေါ် မျက်ဝန်းထဲ ထင်းနေခဲ့တာဖြစ်သည်
အကြည့်ပင်မလွှဲနိုင်သည့် အလှတရားလေးဟာ
ရှောင်းအမတ်နဲ့ အတူ နန်းတော်ထဲသို့ပါလာခဲ့တာဖြစ်သည်
ပထမဆုံးတွေ့ဆုံမှုမှာပင် ဝမ်ရိပေါ်က
ရှောင်းအား ရှောင်းအမတ်ကြီးဆီမှ တောင်းရမ်းခဲ့တာ
ထိုနေ့ကသူရဲ့ တစ်ဖက်သတ်လုပ်ရက်ကိုပင်
ရှောင်းက အံ့အားသင့်ရုံလောက်သာ ဖြစ်ခဲ့ပြီး
မလိုလားတာမျိုး မနှစ်သက်တာမျိုးမတွေ့ခဲ့ရ
ထိုနေ့ပေးခဲ့သည့် သူ့ရဲ့ချစ်သက်လက်ဆောင်လေးကိုပင် အပြုံးနုနုတို့ဖြင့် လက်ခံခဲ့သေးတာ

ရှောင်းရဲ့ သူ့အပေါ်အမုန်းတရားတွေက
ရှောင်းအမတ်ကြီး သေဆုံးမှုမှ စတင်ခဲ့တာ
ကြင်ယာတော်တင်မြှောက်ပွဲပြီးလို့ နောက်ရက်မှာပဲ ရှောင်းအိမ်တော်မှာ ကြိုးဆွဲချသေဆုံးနေတဲ့ ရှောင်းအမတ်ကြီးက
အများရဲ့ပါးစပ်ဖျားက အတင်းအဖျင်း တွေကြောင့် သည်းမခံနိုင်ဘဲ ထိုသို့ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း မှတ်ချက်တွေ ထွက်လာတဲ့အခါ
ရှောင်းရဲ့နားသို့လည်း သေချာပေါက်ရောက်ခဲ့သည်ပေါ့

Oh My Crush, Emperor Wang [Complete]Where stories live. Discover now