Part 3

4.1K 299 4
                                    

ရေကန်ကျယ်ကြီးထက်က ခပ်ခုံးခုံး တံတားငယ်လေးပေါ်မှာ တစ်ကိုယ်တည်း မတုန်မလှုပ်ရပ်ကာ ရေပြင်အား အကြည့်မလွှဲ တွေးငေးနေသူ ဝမ်အရှင်ဟာ
တခြားသူတွေအတွက်တော့ ကြည့်ကောင်းတဲ့ ပုံရိပ်လေးဖြစ်ချင်ဖြစ်မှာပေမယ့်
ဝမ်အရှင်ရဲ့ စိတ်ထဲက ပူလောင်မှုတွေကိုတော့ ဝမ်အရှင်ကိုယ်တိုင်သာ သိနိုင်သည်လေ
ခံစားချက်ကို မျက်နှာကတစ်ဆင့် ဖော်ပြတတ်သူမဟုတ်တာကြောင့်
ဆိုးရွားပျက်ယွင်းနေတဲ့ ယခု အခြေအနေကို ဘယ်သူမှ သတိမထားမိခဲ့

ရေပြင်ကဲ့သို့ တည်ငြိမ်လွန်းလှသော
သူရဲ့ ကြင်ယာတော် ရှောင်းကို ဝမ်ရိပေါ်မှာ
သေမတတ်လွမ်းဆွတ်နေသည်
သူ့အားမချစ်ခင်သော ရှောင်း
သူ့အားမကြည်ဖြူသောရှောင်း
သူနဲ့မျက်နှာမဆိုင်ချင်သောရှောင်း
သူ့အားပြုံးမပြဖူးသောရှောင်းအား
သူ့အသက်ထက်ပင်ပိုမြတ်နိုးရပါသည်

ကိုယ့်ကိုယ်မလိုလားမှန်းသိပေမယ့် ရှောင်းရဲ့မျက်နှာလေးမြင်ရုံနဲ့တင် စိတ်ပျော်နေသူဖြစ်ခဲ့သည့်သူ့အတွက်
ယခုအခြေအနေဟာ လက်မခံနိုင်ဖွယ်ရာ

သူ့အားမုန်းတီးနေသူရှောင်းဟာ
ပြန်ကျန်းမာလာပြီးနောက် လုံးဝပြောင်းလဲနေသည်
ကောင်းသောပြောင်းလဲခြင်းမို့ ဝမ်းသာရမယ့် ကိစ္စဖြစ်ပေမယ့်
ဝမ်ရိပေါ်မှာ နည်းနည်းမှ မပျော်နိုင်
​သူ့ရှောင်း မဟုတ်ဆိုတဲ့ ခံစားချက်ကြီးကသာ
လွှမ်းမိုးထားသည်မို့

'ဘယ်နေရာမှားသွားတာလဲ´
ဒီမေးခွန်းကသာ ခေါင်းထဲနေရာယူနေသည်
အချိန်ပြည့် တင်းတင်းကြပ်ကြပ်စောင့်ကြည့်ခဲ့သည်မို့ လူလဲခံရတာမျိုးလဲ မဖြစ်နိုင်
ပိုဆိုးတာက သူ့ရှောင်းဟာ စရိုက်ပြောင်းလဲသွားရုံသာ ဖြစ်တာမို့ သူ့အတွက်ပိုပြီး ကိုင်တွယ်ရခက်နေတာ ဖြစ်သည်

ရှောင်းမဟုတ်ဘူးဆိုတဲ့ ခံစားချက်ကြောင့်
ပစ်ပစ်ခါခါလုပ်ပြီး အဝေးလည်းမပို့ပြစ်နိုင်
မြတ်နိုးလှပါချည်ရဲ့ ဆိုပြီးလည်း မထွေးပွေ့နိုင်

အဆိုးဝါးဆုံးက သူ့ရှောင်းကို ဘယ်လိုပြန်ပြီးရှာဖွေရမလဲ မသိတာပဲ
သေသွားတာလဲ မဟုတ် ပျောက်သွားတာလည်းမဟုတ်တော့
မရေမရာ အခြေအနေ ကြောင့် ဝမ်ရိပေါ်မှာ
မွန်းကြပ်လာကာ သက်ပြင်းလေးလေးချလိုက်မိသည်အထိ

Oh My Crush, Emperor Wang [Complete]Where stories live. Discover now