Part 8

3.1K 242 14
                                    

"မင်းက ကိုယ်တော့်ရဲ့ရှောင်း မဟုတ်ဘူး "

ဆင့်ခေါ်မှုကြောင့် ရောက်လာရတဲ့ ရှောင်းကျန့်က ဘုရင်ကြီးနှုတ်ဖျားမှ ထွက်လာတဲ့ စကားကြောင့် ထိတ်လန့်ရမယ့်အစား
ကျေနပ်မိသလိုလို

ဘုရင်က သူ့ကို ကြင်ယာတော်ရှောင်းအဖြစ်မမြင်ပေးတာ ကျေးဇူးတင်စရာကောင်းတာပေါ့

ဘုရင်ကြီးကို ရှောင်းကျန့်အနေနဲ့ပဲ ချစ်ပေးချင်သလို ​ကံတရားက ငဲ့ညှာပြီး
ဘုရင်ကြီးက ပြန်ချစ်ပေးခဲ့ရင်လည်း ရှောင်းကျန့်အနေနဲ့ပဲ အချစ်ခံချင်တယ်

တခြားသူတစ်ယောက်လို မြင်ပြီး ယုယကြင်နာတာမျိုးလက်မခံချင်

"အပြန်စကားမရှိဘူး ဆိုတော့ဟုတ်နေတာပဲ
မင်းက ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲ အဓိကက ကြင်ယာတော် ရှောင်းက ဘယ်ရောက်သွားတာလဲ
သင့်တင့်လျောက်ပတ်တဲ့အဖြေမျိုးမဟုတ်ရင် မောင်းမင်း သေဒဏ်ကျသင့်မှာပဲ "

ရှောင်းကျန့် ကသေရမှာမကြောက်ဘူး
ဒီနေရာက သူ့နေရာမှ မဟုတ်ပါဘဲ
ဒါပေမယ့် ဘုရင်ကြီးရဲ့ စကားကို နားထောင်ရင်း ရှောင်းကျန့်ဝမ်းနည်းသွားတယ်
ဘုရင်ကြီးစိတ်ထဲမှာ သူ့ကြင်ယာပဲ ရှိတယ် ကိုယ့်အတွက်နေရာမရှိ
ဒါက ရှောင်းကျန့်ကို တော်တော်လေးဝမ်းနည်းစေတဲ့အချက်ပဲ

"ဝမ်အရှင် ထင်တာ အမှန်ပါပဲ
ကျွန်တော်က အရှင့်ရဲ့ကြင်ယာတော် ရှောင်းကျန့် မဟုတ်ပါဘူး
ကျွန်တော်က အနာဂတ်က ရှောင်းကျန့်ပါ မယုံလောက်ပေမယ့် အမှန်တရားပါ "

တည်ကြည်နေတဲ့မျက်နှာတော်က ချက်ချင်းပင် ပျက်ယွင်းသွားသည်
လက်ခံနိုင်လောက်တဲ့အကြောင်းအရာ မဟုတ်ပေမယ့်
ပြောသူကလည်း တည်ငြိမ်းလွန်းနေပြန်ရာ လိမ်နေဟန်မပြ

"မဖြစ်နိုင်ဘူး "

ဘုရင်ကြီးရဲ့ တုံ့ပြန်စကားကြောင့် ရှောင်းကျန့်ရဲ့တစ်ချက်ပြုံးလိုက်မိသေးတာ
လက်တွေ့ ကြုံရသူကလွဲရင် ဘယ်သူက ဒီလိုအကြောင်းအရာမျိုးကို နားလည်သဘောပေါက်နိုင်မှာတဲ့လဲ

"ကျွန်တော်လည်း  ရှင်းမပြတတ်ဘူး
ဝမ်အရှင် လိုရာတွေးနိုင်တယ်
သေချာတာ တစ်ခုကလည်း ကျွန်တော်က အရှင့်ရဲ့ ကြင်ယာမဟုတ်တာဘဲ "

Oh My Crush, Emperor Wang [Complete]Where stories live. Discover now