Part 5

3.6K 278 6
                                    

ရှောင်းကျန့် လုဖေးနဲ့ အချိန်ယူပြီးစကားပြောခဲ့တာမို့လို့ ကြင်ယာတော်ရှောင်းအကြောင်းတော်တော်များများသိပြီးပြီဖြစ်သည်

သို့သော်လည်း လုဖေးပြောတဲ့ ဝမ်ဘုရင်ကြီးကိုတော့ နားမလည်ပါ
လုဖေးပြောတော့ အရှင်က ကြင်ယာတော်ရှောင်းဆို သည်းသည်းလှုပ်တဲ့
လက်တွေ့မှာတော့ နန်းဆောင်ဆီ တစ်ခေါက်ပင်ရောက်မလာခဲ့

ကျန်းမာရေးအခြေအနေကြောင့် အဆောင်ထဲမှာပဲနေနေရတာ သုံးရက်ရှိပြီ
လုဖေးကလည်း အပြင်ထွက်ခွင့်မပြု

ဒီနေ့မှာတော့ နေကောင်းပြီး လန်းဆန်းတက်ကြွနေပြီ ဖြစ်တဲ့ ရှောင်းကျန့်ဟာ ဘုရင်ကြီးကို သွားချောင်းဖို့ လုဖေးအား အဖော်ညှိနေခဲ့သည်လေ

"လိုက်ခဲ့စမ်းပါ လုဖေးရာ
ပြောတော့သူငယ်ချင်းကောင်းဆို
ဒီတိုင်းတစ်ယောက်တည်း လွှတ်တော့မှာပေါ့ "

ရှောင်းကျန့်ဟာ ပြောလည်းပြော မျက်နှာလည်းဆူပုတ်ထားကာ စိတ်ဆိုးတော့မည်ဟန်ပြနေသည်

"ရှောင်းအာရာ မင်းတို့ မောင်နှံနှစ်ယောက်အကြား ငါကဘာလို့ လိုက်ရှုပ်ရမှာလဲ
မင်းသွားမယ့်သာ သွားစမ်းပါ ဟိုက သွားကြီးဖြီးပြီးကြိုနေလိမ့်မယ် "

လုဖေးစကားကြောင့် ရှောင်းကျန့် တွေဝေသွားတာအမှန်ပဲ
သူက ရှောင်းကျန့်အနေနဲ့ ဘုရင်ကြီးကို သွားပိုးချင်တာရယ်
ဒါပေမယ့် အများအမြင်မှာတော့ သူကကြင်ယာတော်ရှောင်းသာ

မှုန်ဝါးဝါးကြေးမုံရှေ့ဝယ် ခပ်မှိုင်မှိုင်ရပ်ပြီး
သူ့မျက်နှာသူ ပြန်ပြီးကိုင်ကြည့်မိသည်
ကိုယ်ပိုင်မျက်နှာ ကိုယ်ပိုင်ခန္ဓာဘဲ ဖြစ်ပါလျက် ကြင်ယာတော် ရှောင်းဟု အထင်ခံရလောက်အောင် ရုပ်ရည်ပုံပန်းသွင်ပြင်သာမက နာမည်အထိပါ တူနေသည်တဲ့

ဝမ်ဘုရင်ကြီးကရော သူ့ကို ဘယ်လိုမြင်မှာလဲ
သေချာပေါက် ကြင်ယာတော်အနေနဲ့ပဲပေါ့
ရှောင်းကျန့်နှုတ်ခမ်းလေးဟာ အလိုမကျမှုကြောင့် မဲ့ကျလာခဲ့သည်

........

"အရှင် ကြင်ယာတော်ရှောင်း ရောက်လာပါတယ်"

Oh My Crush, Emperor Wang [Complete]Où les histoires vivent. Découvrez maintenant