Part 18

2.7K 207 9
                                    

အေးမြတဲ့ လရောင်ရဲ့ မှိန်ပြပြ အလင်းကို
အားကိုးပြီး အရှင့်ရဲ့ မျက်နှာတော်မှ အကြည့်မလွှဲလိုက်နိုင်ရှာ ဖြစ်နေတဲ့ ရှောင်းကျန့်

Dateလုပ်မယ်တဲ့ အကြောင်းပြချက်နဲ့ နန်းတွင်းကရေကန်ကျယ်ကြီးမှာ နှစ်ယောက်အတူ   လှေစီးကြဖို့တောင်းဆိုခဲ့တာ
အရှင့်ကို လရောင်အောက်မှာ သူ့အလှတရားတွေနဲ့ဆွဲဆောင်မယ်ပေါ့
တကယ်တမ်းကျ ပြန်ပြီးဆွဲဆောင်ခံလိုက်ရတာကသူ

သူ့အတွက်အရှင်က အချိန်တိုင်းပြီးပြည့်စုံနေတာမျိုး
သေချာတာက သူအရှင့်ဆီကရုန်းထွက်ဖို့ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာလေ
တစ်သက်လုံးဝမ်းနည်းနေရမယ်ဆိုရင်တောင် အရှင့်နားမှာပဲ ရှိနေဖို့ကို ပြတ်ပြတ်သားသား ရွေးချယ်မှာ

"ကိုယ့်ကို ကြည့်ရတာ အဲ့လောက်တောင် သဘောကျတာလား ကျန့် "

ကြာတော့သူ့ရဲ့ ချစ်ရည်ရွှန်းလဲ့တဲ့အကြည့်တွေကို အရှင်က မခံနိုင်ဘူးထင်
လွှတ်မထားဘဲ ထုတ်မေးလာတာကိုပဲ ကြည့်လေ

"အင်းးး သဘောကျတယ်..
တကယ်ကိုပဲ "

ရှောင်းကျန့်က အကြည့်တစ်ချက်ပင်မလွှဲဘဲ
ဖြေခဲ့တာရယ်
ညချမ်းဖြစ်ပြီး တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ဖြစ်တဲ့ အလျောက် သူ့ရဲ့အဖြေကို အရှင် ရှင်းရှင်းလင်းလင်း ကြားနိုင်မှာ

"ကျန့်ကို  ကိုယ့်ဆီပို့ပေးတဲ့သူကို ကျေးဇူးတင်တယ်

ရှောင်းက ကိုယ့်ဘဝရဲ့ အရေးပါဆုံး ဖြစ်ခဲ့ပေမဲ့

ကျန့်ကတော့ ကိုယ်လက်မလွှတ်လိုက်နိုင်တဲ့ဖြစ်တည်မှုမျိုး

ကျန့်အနားမှာ နေရတဲ့အချိန်က
ကိုယ့်ရဲ့စိတ်​ သက်သောင့်သက်သာ ဖြစ်တယ် "

ရှောင်းကျန့်က ပြုံးရုံသာပြုံးခဲ့ပြီး
ငြိမ်ကျသွားလေတယ်

အရှင့်ကို ငေးကြည့်နေရာကနေ
ဘေးဘက်မှာရှိနေတဲ့ ရေတွေကို သာထိတွေ့နေခဲ့တယ်

ရုတ်ချည်းငြိမ်သက်သွားတာကြောင့်
သတိထားမိတဲ့ အရှင်ကလည်း
အရိပ်တကြည့်ကြည့်

သူ့စကားမှာ အမှားပါသွားခဲ့တာလားတွေးရင်း ဝမ်ရိပေါ်မှာ အာရုံများနေလျက်

Oh My Crush, Emperor Wang [Complete]Where stories live. Discover now