Part 4

3.7K 300 4
                                    

ရှောင်းကျန့် ပြန်ပြီး သတိဝင်လာချိန်မှာတော့ နဂို အဆောင်ကို ပြန်ပြီး ရောက်ရှိနေ့ခဲ့တာဖြစ်ပြီး
ကွဲပြားသွားတာက အဆောင်တွင်းရှိလူများသာ

သူ့ကိုအပ်စိုက်ကုမယ်ဆိုတဲ့ အသက်ကြီးကြီး
သမားတော်ကြီး အစား
ငယ်ငယ်ချောချော သမာတော်လေးက
သူ့အားတောက်ပစွာပြုံးပြနေသည်မို့

"သတိရလာပြီပဲ ရှောင်းအာ "

ပြောပြောဆိုဆိုပဲ သူလက်အားဆွဲကာ သွေးခုန်နှုန်းလည်း စမ်းပေးလာသည်
ဒီလူ့ရဲ့အပြုအမူနဲ့ အသုံးအနှုန်းတွေက သူ့ကိုတော်တော်လေး ရင်းနှီးနေသလိုမျိုး

"အရှင်က ငါ့ကို ရှောင်းအာရဲ့ အနီးကပ် သမားတော် အဖြစ်ခန့်အပ် လိုက်တော့
ငါအရမ်းပျော်သွားတာ သိလားရှောင်းအာ"

မသိပါဘူး ဒီလူဘာတွေလာပြောနေတာလဲ

"ငါ့ဆန္ဒတွေပြည့်ဝသွားတာပေါ့
ရှောင်းအာမှတ်မိသေးလား
ငယ်ငယ်ကပြောခဲ့ဖူးတာကိုလေ
ရှောင်းအာ နေမကောင်းတိုင်း ကုသပေးနိုင်တဲ့ သမားတော်ကြီးလုပ်မှာ ဆိုတာကိုလေ "

ရှောင်းကျန့်သဘောပေါက်လိုက်ပြီ
ဒီလူက သူမသိတဲ့ သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တန်ရာ
တစ်ဆက်တည်းမှာပဲ စိတ်ရှုပ်သွားရ၏
သူဒီနေရာအကြောင်းတကယ်ကို ဘာမှမသိ
ရှေ့လျှောက်သူ့ဘဝကြီးက လွယ်ကူပါ့မလား

ဘုရင်အုပ်ချုပ်တဲ့ ခေတ်ကာလကို ရောက်နေခဲ့ပြီး ကိုယ်တိုင်က ကြင်ယာတော်တစ်ပါး
ဖြစ်နေခဲ့ပြန်သည်
ကံကောင်းတာတစ်ခုက သူပထမဆုံးတွေ့ခဲ့တဲ့ကောင်ချောလေးဟာ ရှင်ဘုရင်ဖြစ်နေခဲ့ခြင်း
ဒီအချက်နဲ့တင်အားလုံးကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေခဲ့ပြီ

"ရှောင်းအာ နေရတာ အဆင်မပြေလို့လား
ကြည့်ရတာ မျက်နှာမကောင်းဘူး "

ငြိမ်နေတဲ့သူ့ကို စိတ်ပူသလိုမေးလာသူအား
ကြည့်ရင်း အတွေးတစ်ခု ပေါ်လာသည်မို့

"နှစ်ယောက်တည်း စကားပြောချင်တယ်
တစ်ခြားသူတွေ ရှောင်ခိုင်းလိုက်ပါ"

လုဖေးလည်း ရှောင်းအာပြောသည့်အတိုင်း
အခြားများအား အပြင်သို့ ပထုတ်လိုက်လေသည် သူ့သူငယ်ချင်းမှာ သူ့ကို အရေးတကြီး တိုင်ပင်ချင်တာများလားမသိ

Oh My Crush, Emperor Wang [Complete]Where stories live. Discover now