Part 9

3K 243 3
                                    

ဝမ်အရှင်နှင့်တူသော အမျိုးသားအား ရှောင်းအကဲခတ်နေမိသည်
ဝတ်ပုံစားပုံ ဆံပင်ပုံစံများကွဲပြား သွား၍လားမသိ
သူ့မျက်လုံးထဲ ပိုမိုခန့်ညားလာသယောင်

ရှောင်းအတွေးများနေစဥ်မှာပဲ ထိုအမျိုးသားလက်ထဲရောက်သွားတဲ့ ခါးသိမ်သိမ်လေး

"Bunny တအား ချစ်ဖို့ကောင်းလာတယ် "

ထိုအမျိုးသာ နှုတ်ဖျားက ထွက်လာတဲ့ စကားကြောင့်လား အထိအတွေ့ကြောင့်ရယ်လားတော့မသိ
ရှောင်းမှာ ထိတ်လန့်သွားရတာတော့အမှန် ရင်ဘတ်ထဲမှာ တဒိန်းဒိန်းနဲ့

ဝမ်အရှင်သာဆို သူ့ကို ဒီလို
ပြုမူမှာမဟုတ်

"ရှောင်း ခင်ဗျားကို မသိဘူး "

လက်လွတ်စပယ် မထိတွေ့စေဖို့ စည်းတားကာ ပြောလိုက်ပေမယ့်
ရလဒ်က သူမှန်းထားတာနဲ့ ဆန့်ကျင်စွာ

ထိုအမျိုးသားက ခပ်ဟဟရယ်လို့ သူ့ခါးမှလက်တို့ကို ပိုလို့တင်းကြပ်စေပြီး
လူချင်းနီးကပ်စေလိုက်တာ

ရှောင်းရဲ့မျက်ဝန်းဝိုင်းဝိုင်းတို့က စိုက်ကြည့်ကာ အကြည့်မလွှဲဘဲ

"Bunny က ကိုယ့်ကို မသိတာ ဖြစ်နိုင်တာပဲ "

"အခုကစပြီး Bunny ရဲ့လောင်ကုန်း
ဖြစ်လာမယ့်သူလို့ မှတ်ထားရင် ရပြီ "

ရှောင်းမှာ ပြောစရာစကားတို့ ပျောက်ရှလျက်
ဝမ်အရှင်နဲ့ ရုပ်လေးပဲ တူတာ
ပြောပုံဆိုပုံက ဆန့်ကျင်ဘက်

ဒီသခင်လေး အပြောအဆိုသိပ်ရဲတင်းတာဘဲ

"ယဥ်ကျေးမှုမရှိဘူး
မယ်မယ်ရရ ဆက်ဆံရေးမရှိတဲ့ သူကို ဖက်လဲတကင်း ဆက်ဆံတာ
ပထမဆုံး မြင်ဖူးတာပဲ "

ရှောင်း သူပြောတာကို မနာဘဲ
ပြုံးပြုံးကြီးသာ ကြည့်နေတဲ့သူကြောင့်
စိတ်မကြည်တော့တာတော့အမှန်

"ကိုယ့် Bunny လေးက သိပ်ရိုးစင်းတာပဲ "

ခါးမှ လက်တို့ပြေလျော့သွားတာကြောင့်
ရှောင်း ထိုသခင်လေးနဲ့ ခပ်လှမ်းလှမ်းမှာ နေရာယူရင်း ကျန်းချန်အားလည်း အကူခေါ်နေခဲ့သေးတာ

"ဒီနေ့အဖို့ Bunnyနဲ့ နီးစပ်ခွင့်ရပြီးပြီဆိုတော့
ပြန်လိုက်ပါ့မယ်
နောက်နေ့တွေလည်း လာခဲ့မို့လို့ စောင့်ရင်း ရင်ခုန်နေနော်"

Oh My Crush, Emperor Wang [Complete]Dove le storie prendono vita. Scoprilo ora