Part 12

3K 252 5
                                    

မထင်မှတ်ထားတဲ့ ဖြစ်ရပ်ကြောင့်
မတ်တပ်မေ့သွားရသူက ဘုရင်ကြီး ဝမ်ရိပေါ် သူ့သက်တမ်းတစ်လျှောက်
ဒီလို လက်ရဲ ဇက်ရဲလေးမျိုး မတွေ့ခဲ့ဖူးပါ

ဘုရင်ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ဘယ်သူကမှ အလွှတ်မဲ့ မထိပါးရဲကြ

ဒါကြောင့် ယခုဖြစ်ရပ်ဟာ လွယ်လင့်တကူ လက်ခံလိုက်နိုင်စရာမရှိ

"အပြုအမူတွေ ဆင်ခြင်ပေးပါ
ရှောင်းကျန့် "

"ဒါဆို အရှင်လည်း အရှင့်ကြင်ယာကို
ချစ်ကြောင်းပြောနေတာတွေ ဆင်ခြင်ပေးပါ
ကျွန်တော် ရင်နာရတယ်"

ဝမ်ရိပေါ် အံ့အားသင့်သွားရပြန်သည်
ဒါ ဒါလေးက သူ့ကို ပြန်ပြောနေတာမဟုတ်လား

"ဒီလိုအပြုအမူမျိုး နောက်တစ်ကြိမ်ရှိခဲ့ရင် အပြစ်ပေးရလိမ့်မယ် ရှောင်းကျန့် "

"အပြစ်ကိုကြောက်တာထက်
အရှင့်ကို ထိတွေ့ရတာ ပိုရင်ခုန်ဖို့ကောင်းတယ်
ကျွန်တော်က ခနခန အပြစ်ကျူးလွန်အုံးမှာမို့
အရှင်ကတော့ အပြစ်ပေးဖို့ ကြိုစဥ်းစားသင့်နေပြီ "

ပြောရင်နဲ့ပင် ပါးပေါ် ရွှတ်ခနဲ ရောက်လာတဲ့ နှုတ်ခမ်းနုနု
တော်တော်ဆိုးတဲ့ကလေး
အစက တည်ငြိမ်တာပဲလို့ တွေးနေခဲ့တာ ဗီဇဆိုတာ နောက်မှ ပေါ်လာတာပဲ

"အရှင် ပင်းပင်း လာနှုတ်ဆက်တာပါ "

တံခါးအပြင်ဘက်မှ အသံဆိုးနဲ့အော်လာသော မိဖုရားမကြောင့်
ကောင်းနေတဲ့ စိတ်အခြေအနေလေးဟာ ချက်ချင် ယိုယွင်း

အဲ့မိဖုရားမကဘာလာရှုပ်တာလဲ
ရှောင်းကျန့်စိတ်ကနေ မေတ္တာပို့လျက်

"ကြင်ယာတော်ရှောင်းက
ဘယ်လိုဖြစ်ပြီး...... "

အခန်းထဲရောက်တော့ အရှင်ဖြစ်သူထက် သူ့အရင်မြင်ပုံရပါတယ်
တအံ့တသြနဲ့

"နောက်ကလိုက်လာတာလေ
ကိုယ့်လူကို သူများလက်ထဲအပါ မခံနိုင်ပါဘူး"

ရှောင်းကျန့်ဟာ တမင်ပင်ရွဲ့လို့ အရှင့်ရဲ့ လက်ကို ဆွဲယူပြီး
မိဖုရားမ ဘက်သို့ ကြည့်ထားဆိုတဲ့ သဘောဖြင့်ပင်

ကံကောင်းသည်က အရှင်က သူ့လက်ကို ချက်ချင်းဖယ်ချလိုက်တာမျိုးမလုပ်ခဲ့

Oh My Crush, Emperor Wang [Complete]Where stories live. Discover now