Part 22 (end)

4.2K 206 10
                                    

လျှိုမိဖုရားရဲ့ နန်းသွေး လွယ်ထားတဲ့သတင်းက နန်းတော်တစ်ခုလုံးပျံ့နှံ့သွားတယ်

မယ်တော်ကြီးကလည်း ထိုသတင်းကြားပြီးကတည်း စိတ်ကြည်နေကာ

ဝမ်အရှင်အားလည်း ချီးမွမ်းလို့မဆုံး

အဲ့ဒီနောက်ပိုင်း မယ်တော်ကြီးနဲ့ ရှောင်းကျန့်ရဲ့ ဆက်ဆံရေးက အနည်းငယ် ပိုလို့ ပြေပြစ်လာတယ်

သူမရဲ့ပူပန်မှုတွေကို လျှော့ချနိုင်ခဲ့ပြီလေ
အခုဆို ဝမ်မင်းကြီး ဘာလုပ်လုပ်
သူမလွှတ်ထားလိုက်လို့ရပြီ
မူလအစကတည်းက ယောက်ျားတစ်ယောက်အပေါ်စွဲလန်းနေတာကို လက်မခံနိုင်တာထက် ဝမ်မင်းဆက်ပျက်သွားမှာကိုသာ ပိုလို့စိုးရိမ်ခဲ့တာ
ခုတော့ရပြီ

.....

"ဝမ်ရိပေါ် ..... ကျွန်တော် ပြောတာလည်း အရေးစိုက်ပါအုံး "

ဝမ်အရှင်ရဲ့ပေါင်ပေါ်မှာ ထိုင်နေရပြီး
မျက်နှာလေးက စူပုပ်လို့နေသည်

ဝမ်အရှင်ကတော့ နာမည်တပ်ခေါ်ခံရတာတောင် စိတ်မဆိုးနိုင် တဟား ဟားနဲ့ သဘောတွေကျနေလျက်

"ကိုယ့်ကျန့်ကလည်း ဘာဖြစ်လဲ
ဘုရင်တစ်ယောက်အနေနဲ့ ကိုယ့်ဧကရီကိုယ် ပွေ့တင်ထားတာ ဘယ်သူ့ဂရုစိုက်နေရအုံးမှာလဲ "

ထိုသို့ပြောတော့ မျက်စောင်းက ဒိုင်းခနဲ

"လျှိုမိဖုရား ရှိနေတယ်လေ "

ရှောင်းကျန့်က ထိုသို့ဆိုသော လျှိုမိဖုရားက လက်တကာကာနဲ့ အားမနာရန်ပြောလေသည်

"ပင်းပင်း အဆောင်ပြန်လိုက်ပါ့မယ် "

"မဟုတ်တာ "
"ကောင်းတာပေါ့"

ရှောင်းကျန့်က အားနာစွာ ပြောနေချိန်
ထွက်ပေါ်လာတဲ့ အရှင့်အသံကြောင့် အရှင့်လက်မောင်းအား ဖတ်ကနဲ့ ချလိုက်လေတော့

"ကျန့် ကြီးလေးတဲ့ပြစ်မှု ကျူးလွန်းလိုက်တာပဲ
ဧကရီကို ဒီဘုရင်ကိုယ်တော်တိုင်အပြစ်ပေးမှ ဖြစ်တော့မှာ
လျှိုမိဖုရား ကိုယ့်နန်းဆောင်ကိုယ်ပြန်ချည်တော့ "

အလေးအနက်ပြောတဲ့စကားမဟုတ်သော်ငြား သူ့အတွက်က အတည်ပေမို့
လျှိုမိဖုရားက စားပွဲဝိုင်းမှထကာ အရှင်နဲ့ဧကရိကို နှုတ်ဆက်ပြီးနောက်

You've reached the end of published parts.

⏰ Last updated: Jan 27 ⏰

Add this story to your Library to get notified about new parts!

Oh My Crush, Emperor Wang [Complete]Where stories live. Discover now