Part 17

2.7K 224 8
                                    

"အရှင် မျက်နှာလည်းမကောင်းဘူး
နွမ်းနယ်နေပုံလည်းရတယ်
ဒီရက်ပိုင်းအလုပ်များနေတာလား အရှင်"

ခုရက်ပိုင်း အလုပ်အရမ်းများနေတယ်လို့ ထင်မိတာကြောင့် မေးရခြင်း

"ကိုယ်ပင်ပန်းနေတယ်ကျန့် "

ညအိပ်ချိန်လောက်သာ အဆောင်ကိုပြန်ရောက်လာတဲ့ အရှင်ကြောင့် သိလို စိတ်ဖြင့်မေးလေတော့

အရှင်က
ပင်ပန်းလာကြောင်းပြောကာ သူ့ကို တင်းကြပ်စွာ ဖက်လာခဲ့တယ်

ရှောင်းကျန့် အခုချိန်မှာ မပျော်နေပါ
ပင်ပန်းနေတဲ့အရှင့်ရဲ့ပုံစံကြောင့်ရော
ပင်ပန်းရတဲ့ အကြောင်းအရင်းကြောင့်ရောပေါ့

တနေ့က ရှောင်းကျန့်ပျင်းပျင်းနဲ့ ေလျှာက်သွားရင်း နန်းတော်ရဲ့ တစ်နေရာမှာ
ဆောက်လုပ်ပြီးစီးကာစ အဆောင်သစ်တစ်ခုကို တွေ့ခဲ့တာ ဖြစ်တယ်

တစ်ချိန်တည်းမှာပဲ အရှင်က အဲ့နန်းဆောင်ထဲဝင်သွားတာကို တွေ့တော့
သူလည်း အရှင့်နောက်လိုက်ခဲ့ရာ

အဆောင်သစ်ရဲ့ ဝင်ပေါက်အနီးမှာရှိနေတဲ့ အစောင့်က ဝင်ခွင့်မပြုခဲ့
တိုင်းပြည်ရဲ့ ဧကရီအတွက် ဆောက်လုပ်ထားတာဖြစ်လို့ အရှင့်ကလွဲပြီး ဘယ်သူမှ ဝင်ခွင့်မရတဲ့

ရှောင်းကျန့်လည်း နည်းနည်း ရိပ်မိသလိုရှိလာတယ်
ကြင်ယာတော် ရှောင်းတို့အတွဲကို နန်းတော်ထဲခေါ်ထားတာ သိနေတဲ့
သူအဖို့ အခုအခြေအနေကို ကောင်းကောင်းသိလိုက်တာမို့

သူ့ဝင်စွက်ဖက်လို့မဖြစ်တဲ့နေရာကနေလှည့်ထွက်လာခဲ့လိုက်တာ

ဒါကြောင့်အရှင်ပင်ပန်းရတဲ့အကြောင်းရင်းကိုသူကောင်းကောင်း နားလည်တယ်

"ကောင်းကောင်းနားလိုက်ပါအရှင် "

ရှောင်းကျန့်အရှင့်ကျောပြင်အား ခပ်ဖွဖွပုတ်ပေးရင်း ပြောနေတာ ဖြစ်သည်

ခနကြာတော့ အရှင်က အသက်ရှူသံမှန်မှန်နဲ့ အိပ်ပျော်သွားတော့
ကြည့်မဝတဲ့မျက်နှာလေးအား တစ်ချိန်လုံးကြည့်နေရင်း

အရှင့်ရဲ့ နားခိုရာလေးဖြစ်ခွင့်ရတာကပဲ ကံကောင်းလွန်းနေပါပြီ
ဆိုသောအတွေးက လက်တွေ့ကိုပင်လျှံကျလာကာ တိုးဖွဖွ ရေရွတ်မိလိုက်သေးတာ

Oh My Crush, Emperor Wang [Complete]Where stories live. Discover now