Part 19

2.9K 228 12
                                    

မမျှော်လင့်ထားတဲ့ ဧည့်သည်နှစ်ယောက်ရောက်ရှိလာမှုကြောင့် ရှောင်းကျန့်မှာ
အံအားသင့်လျက်
သိုသိုဝှက်ဝှက်နေရမယ့်သူတွေ
ဘာအကြောင်းကြောင့် သူဆီရောက်လာရပါသလဲ
သူ မမေးရသေးခင်မှာပဲ
ကြင်ယာတော်ရှောင်းက စကားစလာခဲ့လေတယ်

"2023ကို ပြန်သွားနိုင်မယ့် နည်းလမ်းကို
ကျွန်တော်တို့ တွေ့ထားတယ် "

ရှောင်းကျန့်က ထိုအထခင်းအရာကို ကြားပြီးသည့်တိုင်အောင်
ထူးထူးခြားခြား ပြန်ပြီးမတုံ့ပြန်ခဲ့

"ရှောင်းကျန့်ကိုလည်း အသိပေးထားချင်လို့ပါ
ပြန်လိုက်တာ မလိုက်တာတော့ ရှောင်းကျန့်ဆုံးဖြတ်ပါ
ကျွန်တော်တို့က မပြောမိလိုက်တာမျိုး
မဖြစ်ချင်လို့လေ"

"ကျေးဇူးပါ ကြင်ယာတော်ရှောင်း
ကျွန်တော်က ဝမ်အရှင်နားမှာပဲ နေမှာပါ"

ရှောင်းကျန့်ရဲ့ပြတ်သားတဲ့ အဖြေကို
နားထောင်ပြီးတဲ့နောက် ကြင်ယာတော်ရှောင်းက သဘောတကျ ပြုံးရယ်လေတယ်

"ရှောင်းကျန့် ဒီကိုရောက်လာတာ ဝမ်အရှင်အတွက် ကံကောင်းခြင်းဘဲ
ရှောင်းကျန့်ရဲ့ အချစ်နဲ့ ဆုံးဖြတ်ချက် ကို
လေးစားပါတယ်
နောက်ပြီး ကျွန်တော့ကို ကြင်ယာတော်လို့
မခေါ်ပါနဲ့ အဲ့အမည်နာမက
ကျွန်တော်နဲ့ မသက်ဆိုင်တော့ပါဘူး
ရှောင်းလို့ပဲ ပေါ့ပေါ့ပါးပါး ခေါ်ပါ "

"ကျွန်တော့်အတွက်ထည့်စဥ်းစားပေးတဲ့အတွက် ေရှာင်းတို့စုံတွဲကို
တကယ်ကျေးဇူးတင်ပါတယ် "

ရှောင်းရဲ့ စိတ်ထားကောင်းမှုကို ခံစားမိလိုက်တဲ့ ရှောင်းကျန့်က တစ်ကြိမ်ထပ်ပြီး ကျေဇူးတင်စကား ဆိုလိုက်ပြန်သည်
စိတ်ထဲမှာတော့ ထိုမျှမက
ရှောင်းရဲ့စိတ်ထားလှလှက အရှင့်စိတ်ကို ရခဲ့တာနေမှာ ဆိုပြီး တွေးမိတွေးရာ ထင်ကြေးပေးလိုက်သေးတာ

"အကြမ်းရည်လေး သုံးဆောင်ပါအုံး "

ပြောစရာစကားတွေ ကုန်သွားပြီလို့ ထင်ရတဲ့အချိန် တိတ်ဆိတ်သွားတာကြောင့်
ရှောင်းကျန့်ဘက်ကပဲ အိမ်ရှင်သဘောနဲ့ ဧည့်ဝတ်ပြုလိုက်သည်

Oh My Crush, Emperor Wang [Complete]Where stories live. Discover now