Part 11

3K 240 7
                                    

အရှင်တို့ နန်းတော်က စထွက်ကတည်းက နောက်က ထပ်ကြပ်မကွာလိုက်ခဲ့ကြတာ
ခိုးကြောင်းခိုးဝှက် လုပ်နေရတာမို လုဖေးမှာ
ပူပန်နေရသလောက်
သူငယ်ချင်းကောင်းကြီးက စိတ်လှုပ်ရှား
ပျော်ရွှင်နေခဲ့တာ

ရှောင်းအာရဲ့မဟာအစီအစဥ်ကြီးကို
ကြားပြီးကတည်းက ရင်တမမ ဖြစ်ခဲ့ရတဲ့ လုဖေးက
တားလို့မနိုင်တဲ့အဆုံး
သူပါအဖော်လိုက်ပေးခဲ့ရတော့တယ်
ရှောင်းအာကို တစ်ယောက်တည်းလွှတ်လိုက်ဖို့က လမ်းမှာ ဘယ်လို အန္တရာယ်တွေ ရှိနေမယ်မှန်းမသိ

လုဖေးထင်နေတဲ့အတိုင်းပဲ
တစ်လမ်းလုံး အဆင်ပြေနေတဲ့ခရီးဟာ
ချင်မြို့ဝင် ဂိတ်ပေါက်ရောက်တော့ အရှင်တို့ဟာ အလွယ်တကူဝင်သွား နိုင်ပေမယ့်
သူတို့အတွက်တော့မဟုတ်

"မြို့ဝင်ခွင့် တံဆိပ်ပြ" လို့ပြောလာတဲ့ အစောင့် ရဲမက်ကြီးရဲ့ စကားမှာ နှစ်ယောက်သား အူကြောင်ကြောင်လေး နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လို့

"ဒီအထိ မတွေးလိုက်ရဘူး "တဲ့
ပြီတီတီလေး ပြောလာတဲ့ရှောင်းအာကို ဒီတစ်ခါ ချစ်စရာကောင်းတယ်လို့မမြင်မိတော့ဘူး

သူများနိုင်ငံမှာ အဖမ်းခံရမယ်လို့ တွေးတောင်မတွေးဖူးဘူး
အချစ်ဆုံသူငယ်ချင်းလေးရဲ့ အကြံကောင်းကြောင့်
နှစ်ယောက်သား ချင်မြို့တော်ရဲ့ အချုပ်ခန်းတဲ့ အတွဲလိုက်လေး

ရှောင်းကျန့်မှာလဲ မျက်ရည်ဝိုင်းဝိုင်းလေးနဲ့သာ
သူတွေးခဲ့တာက ဇာတ်လမ်းတွေထဲကလို
အရှင့်ကို surprise တိုက်မယ်ပေါ့
အဲ့မှာ လွဲနေလိုက် ကံကြမ္မာရယ်

......

"နေရာထိုင်းခင်း ပြင်ဆင်ထားတာ
အဆင်ပြေရဲ့လား
အရှင်ဝမ် "

ချင်ပြည့်ရှင်က ဆက်ဆံရေးပြေပြစ်သူလို့
နာမည်ကြီးသူဖြစ်ရာ
ရောက်လာတဲ့ ဧည့်သည်တွေကို လောကွတ်နေသည်

အမှန်မှာ ချင်ကလည်း သဘောကောင်းလွန်းတာမဟုတ် အပေါ်ယံသက်သက်ဆိုတာ
သိနေတဲ့ ဝမ်ရိပေါ်လည်း ခပ်တန်းတန်းသာ ပြုမူခဲ့သည်

အခုတစ်ခေါက်မှာလည်း နှစ်နိုင်ငံကြားက ပြဿနာ အပေါ် ချင်က အမြတ်ထုတ်ဖို့ ကြိုးပမ်းအုံးမှာပဲ

Oh My Crush, Emperor Wang [Complete]Where stories live. Discover now