Part 16

2.8K 208 2
                                    

အနားမှာ အရှင်မရှိတာကြောင့်
အထီးကျန်နေတဲ့ ရှောင်းကျန့်က လုပ်စရာ အလုပ်တစ်ခုခုကို ရှာရင်း စားဖိုဆောင် ဘက်ကို ရောက်သွားလေတယ်

လုပ်စရာရှိမနေရင်  များစွာသောအတွေးတွေက ခေါင်းထဲတိုးဝင်လာတတ်တာမို့

အားလပ်နေတဲ့ အချိန်တွေကို အရှင့်အတွက် အစားအစာ ပြင်ပေးရင်း ကုန်ဆုံးလိုက်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်သည်

သို့ပေမယ့် မကောင်းတဲ့ အတွေးဆိုးတွေဆိုတာ တားဆီးလို့ရရိုးတဲ့လား

အထူးသဖြင့် အရှင်က ပြန်ရောက်ရောက်ချင်း တုံ့ဆိုင်းမနေဘဲ သူ့အချစ်လေးနောက်လိုက်ပြီး ခေါ်တယ်ဆိုတာမျိုး သိထားရင်ပေါ့

ရှောင်းကျန့်ကအမှန်တော့ အိပ်ရေးမက်သူမျိုးမဟုတ်ပါဘူး
အရှင်သူ့ကို ပွေ့ချီပြီးခေါ်လာတာရော အဲ့နောက်ပိုင်း ကိစ္စတွေပါသိထားတယ်

ဒါပေမယ့် ရှောင်းကျန့်အနေနဲ့ ဘာအတွန့်တက်နိုင်မှာလဲ နှုတ်ဆိတ်နေရုံအပြင် မတတ်သာခဲ့

ထိုအကြောင်းတွေကခေါင်းထဲ အဆက်မပြတ် ဝင်လာနေတာမို့ ရှောင်းကျန့်မှာ ချစ်ရသူအတွက် ချက်ပြုတ်ပေးနေသည့်တိုင် ရွှင်ပြနေခြင်းမရှိ

အရှင့်စိတ်ကိုရဖို့ ခရီးအရှည်ကြီးကျန်နေသေးတာကို သတိထားမိပြီး
ခံစားချက်က သိပ်မကောင်းချင်

အရှင်ဖြစ်နေလို့သာ ကျွန်တော်ကြိုးစားနေမိတာပါအရှင်
အရှင်က ကျွန်တော့ဘဝအတွက်  one&onlyလေး

"ကြင်ယာတော်ရှောင်း "

ရှောင်းကျန့်ကိူ အတွေးနယ်ပယ်ထဲမှာ ဆွဲထုတ်လိုက်တဲ့ ခေါ်သံတစ်ခု
အသံလာရာကို ကြည့်လိုက်တော့ မယ်တော်ကြီးပင် မျက်နှာမှာလည်း တည်တင်းခက်ထန်နေပြန်သည်

"မယ်တော်ကြီးကို နှုတ်ဆက်ပါတယ် "

ရှောင်းကျန့်မှာ အပေါ်ယံလောက်သာ တုန့်ပြန်ပေးခဲ့တယ် ကိုယ့်ကိုယ်မကြည်တဲ့သူတစ်ယောက်ကို  သွားမရောချင်

"ဒီတစ်ခါလည်း ဝင်ရှုပ်ပြန်တာပဲနော် "

အဆုံးအစမရှိ ဆိုတဲ့စကားက ကောင်းတဲ့အဓိပ္ပါယ်မျိုးမရှိ

Oh My Crush, Emperor Wang [Complete]Where stories live. Discover now