Part 14

3K 216 8
                                    

စကားပြောဖို့လိုအပ်တာကြောင့် အရှင့်ရဲ့ ခေါ်ဆောင်မှုနဲ့အတူ
အရှင့်ရဲ့အိပ်ဆောင်သို့ လေးယောက်သား ရောက်လာခဲ့ကြရသည်

စကားပြောဖို့လိုတဲ့ အခြေအနေမျိုးပေမယ့်
လေးယောက်သားဟာ တစ်ယောက်မျက်နှာ
တစ်ယောက် အကဲခတ်နေကြပုံ

အရှင့်ရဲ့ အကြည့်များဟာတော့ သေချာပေါက် ​သူ့ကြင်ယာဆီမှာဘဲ
ရှောင်းကျန့်စိတ်ကလေး ဝမ်နည်းနေတာတော့ အမှန်

"ကျွန်တော် ဝမ်နန်းတွင်းဆီ မလိုက်ချင်ဘူး
အရှင်
ကျွန်တော့် ကောင်လေးနဲ့ပဲ လွတ်လွတ်လပ်လပ် မြို့ထဲမှာပဲနေချင်တယ်
တောင်းဆိုတာ မဟုတ်ဘူး အရှင် အသိပေးတာပါ"

"ကိုယ်တော် ခွင့်မပြုဘူး "

အရှင့်အသံက မာတင်းနေပေမယ့် အရှင့်ရဲ့မျက်ဝန်းတွေမှိုင်းညို့နေတယ်ဆိုတာ
ရှောင်းကျန့်သိတယ်
သူ့တစ်ချိန်လုံး အရှင့် ကိုသာ ကြည့်နေခဲ့သည်မို့

"ခွင့်မပြုလည်း ဂရုမစိုက်ဘူး အရှင်
ဝမ့်ကို ဘေးနားထားပြီး အရှင့်ကြင်ယာအဖြစ်မနေနိုင်ဘူး "

"ရှောင်းပြောတာ မှန်တယ်
ခင်ဗျား က ဘုရင်ဖြစ်တယ်ထားအုံး
ကျွန်တော်တို့ကို ချုပ်ကိုင်ထားလို့မရဘူး
နောက်ပြီး ရှောင်းက ကျွန်တော့်အပိုင်
တခြားယောက်ျား တစ်ယောက်အနားထားဖို့ကိုတော့ လုံးဝလက်မခံနိုင်ဘူး  "

ဝမ်သခင်လေးက သူ့ချစ်သူ ရှောင်းကို
လုယူချင်နေသော ဘုရင်အား    ခပ်ပြတ်ပြတ်ပင်​ပြောခဲ့လိုက်သည်
သူက ရှောင်းနဲ့ပတ်သက်ရင် နည်းနည်းလေးမှ ဆတ်ဆတ်ထိမခံနိုင်တဲ့ သူမျိုးပင်

အပြတ်ပြောပြီးသည်နှင့် ရှောင်းရဲ့လက်ကို ဆွဲကာ ထိုအခန်းထဲမှ ထွက်ခွာခဲ့သည်
ဖြစ်နိုင်ရင် ဒီဘုရင်နဲ့ ရှောင်းကို နောက်တစ်ကြိမ် ထပ်မဆုံစေချင်ဘူး

"ဝမ် စိတ်ရှုပ်နေလားဟင် "

ရှောင်းအား ဦးဆောင်က ခေါ်ဆောင်သွားပါသော ဝမ်သည်
ခေတ်သစ်က လူသားဖြစ်တဲ့အလျောက်
နန်းတော်တွေ မြို့တွေနဲ့
သိပ်မရင်းနှီး
ဒါကြောင့် ရှောင်းကဘဲ နန်းပြင်ရောက်အောင်ကြိုးစားလိုက်ကာ
နန်းပြင်ရောက်သည်နှင့် ဝမ့်အား ချော့မော့ဖို့ ကြိုးစားရပြန်သည်

Oh My Crush, Emperor Wang [Complete]Where stories live. Discover now