World. 4(part-5)

1K 52 0
                                    

လင်းညိုသွေး မောင်နဲ့ စလိုက်နောက်လိုက်စိတ်ကောက်လိုက်နဲ့ သူကြီးအိမ်မှာနေတာ တစ်ပတ်ကျော်ကြာချေပြီ...ဒါကြောင့် အဘ နဲ့အမေက လွမ်းလို့ဆိုပြီး သူကြီးဆီကနေ လင်းညိုသွေး ကို မနည်းပြန်တောင်းထားရသေးသည်...ခုတော့ အိမ်ကိုပြန်ရောက်ပြီပေါ့ နောက်နှစ်ရက်နေရင် သူကြီး က သူ့ကို ရွေတစ်စင်စာနဲ့ လယ်၁၅ဧက နဲ့ လာတောင်းမည်ဖြစ်သော်ကြောင့် ပျော်လို့ရွင်လို့....အငယ်မတို့အတွဲကလဲ အဆင်ကိုပြေလို့.. ရွာဓလေ့အရ အကြီးဖြစ်သူအိမ်ထောင်ကျမှ အငယ်အိမ်ထောင်ယူရမှာဖြစ်သည်...ဒါကြောင့် သူကြီး အမြန်လာတောင်းပါစေလို့ပဲ ဆုတောင် တောင်းနေသေး....ရွာသူရွာသားတေကလဲ ယောက်ကျားလေးစုံတွဲ မမြင်ဖူးတာကြောင့် အံ့သြနေတာမဆန်းပါချေ......ထိုထဲမှာတော့ တင့်နှောင်း မပါ.....

"တောက်စ်....သူကြီးက အဲ့လူကိုဘာကြည့်ပြီး တင်တောင်းယူရသလဲမသိဘူး စိတ်တိုလိုက်တာ "

"ဟဲ့ တင့်နှောင်း ရယ် သူကြီးကလဲ သူ့ဖူးစာရှင်မို့ ယူတာပေါ့ဟယ် ကိုလင်းညိုသွေး ကလဲ အရင်ကဆိုးခဲ့မိုက်ခဲ့ပေမဲ့ ခုကျရည်ရည်မွန်မွန်လေးပါအေ..."

"ဟုတ်ပါ့ တင့်နှောင်း ဖြူနု ပြောတာ ဝါဝါ လဲထောက်ခံတယ်"

"နင်တို့တေကလဲ အဲ့အခြောက်ဘက်ကဘဲလား ဟမ်"

"ဟဲ့ သူများသားသမီးကိုအခြောက်လို့မပြောပါနဲ့ ကိုလင်းညိုသွေးက အခြောက်မဟုတ်ပါဘူး နှလုံးသား က သာ သူကြီးကိုရွေးချယ်သွားတာ သူကကျားကျား ယားယားကြီးပါ"

"အေးလေ တင့်နှောင်း နင်ကလဲ ခုကျမှဘာထဖစ်တာလဲ နဂိုက သူကြီးနင့်ကိုပိုးပန်းတုန်းက သူကြီးကို ကျိူးကန်းသူလိုဆက်ဆံပြီးခုမှ ဘာတေခံစားနေတာတုန်း"

"အို အဲ့တုန်းကသူကငါ့ဘက်အမြဲပါနေမယ်ထင်လို့ ခုတော့ ဟိုအခြောက်ကောင်ကြောင့် အားလုံး ငါ့ဘက်မှာမရှိတော့ဘူး တောစ့်"

တင့်နှောင်း ရဲ့သူငယ်ချင်း ဖြူနုနဲ့ဝါဝါတို့ဟာ တင့်နှောင်းကို ကဲ့ရဲ့ပြီး ခပ်ခွာခွာပဲ နေကြတော့သည်....တင့်နှောင်းနောက်တစ်နေ့ ရွာထဲကို လမ်းလျှောက်နေတုန်း လင်းညိုသွေး နဲ့ဆုံတော့....

System ကပေးတဲ့မောင်💛Where stories live. Discover now