World. 6(part-6)

833 43 0
                                    

"ကျေးဇူးတင်ပါတယ် မယ်မယ်"

"ရပါတယ်...."

"သက်လယ် အဲ့မှာဘာလုပ်နေတာလဲ"

"ဟမ်မောင်အရေးကြီးတယ် ဆိုဂျွန်း ရပ်ကွပ်က အကြီးဆုံးစံအိမ်ရှိရာစီလိုက်ပို့ပေးပါ"

"ဟုတ်ပြီသက်လယ်"

သက်လယ်ပြောတဲ့အရေးကြီးကိစဆိုတာ...ဘင်ယောင်းဟီ သိပေမဲ့...မသိချင်ယောင်ဆောင်​ေနလိုက်ခြင်းပါ...ထိုစံအိမ်သို့ရောက်တော့....အကုန်တစ်ခါးတွေ ပိတ်ထားတာတွေ့ရပေမဲ့.....ခြံပြင်က သစ်ပင်ကထူးဆန်းနေသလိုပင်...

" မောင် "

"သက်လယ် မြေအောက်ခန်းရှိတယ်ထင်လား"

"အင်း အင်း ရှိတယ်"

ထိုသစ်ပင်ကို ဘင်ယောင်းဟီ လှည့်ပတ်စစ်ဆေးလိုက်တော့.... ကျိူးနေတဲ့သစ်ပင်အတက်ကို လက်နဲ့အမှတ်မထင်ထိမိတော့...ပင်စည်ကနေဝင်ပေါက်ကိုတွေ့လိုက်ရသည်....ညဏ်နည်းလှချည်လား....ဒီလောက်လွယ်တဲ့မြေအောက်ခန်း....ပြီးတော့ခြံအပြင်ဖက်မှာ....တွေးလက်စရပ်ကာ...အထဲသို့နှစ်ယောက်သားဝင်သွားလိုက်တော့... အထဲမှာ မှောင်မည်းနေကာ...ဖုန်းမီးနဲ့ သွားရသည်..နည်းနည်းလောက်ဆက်လျှောက်လိုက်တော့ အလင်းတန်းတွေကိုတွေ့လိုက်ရတယ်.....ခိုင်ခံ့တဲ့နံရံတစ်ဖက်ကိုကျော်သွားတော့ခလေးငိုသံစူးစူးဝါးဝါးကိုကြားလိုက်ရပါပြီ...အနီးသို့တစ်ဖြေးဖြေးရောက်လေရောက်လေ ခလေးငိုသံကိုအရှင်းအလင်းကြားလိ​ု့ရသည်...

"ချယ်ယွန်း....မင်းဘယ်မှာလဲ ထွက်လာခဲ့စမ်း"

"မောင်ခလေးက ဟိုမှာ "

သက်လယ်ညွှန်ပြတဲ့ဘက်ကို ကြည့်လိုက်တော့ ခလေးနီတာရဲလေးက တစ်အဲအဲနဲ့...ငိုနေရှာသည်...ဘင်ယောင်းဟီ...အပြေးသွားကာ ခလေးကိုအနှီးနဲ့လုံခြုံစွာထုတ်ပြီး ကျစ်နေအောင်ချီထားလိုက်သည်....အပြစ်မဲ့တဲ့ခလေးကို ချယ်ယွန်း...မင်းကဘာလုပ်မလို့လဲ...

"ဟမ် ရှင်တို့ ဘယ်ကလာကြတာလဲ ခလေး ခလေးကိုပြန်ပေး"

" မပေးနိုင်ဘူး....မင်းက ဒီခလေးကိုဘာလုပ်မလို့လဲချယ်ယွန်း"

"ရှင်မသိချင်ပါနဲ့"

ဘင်ယောင်းဟီ မေးလို့မရသည့်အဆုံး...ချယ်ယွန်းရဲ့ကိုယ်စောင့်နတ်ကိုပဲမေးလိုက်ရသည်....ကိုယ်စောင့်နတ်ရဲ့အဖြေဟာ ရက်စက်ကြမ်းကြုတ်တဲ့အဖြေပဲ....ခလေးကိုအရှင်လတ်လတ်ဗိုက်ခွဲ ပြီး....အူကလီစာ ထုပ်ကာအစိမ်းလိုက်စားမှာပဲ...နောက်ထိုခလေးရဲ့သွေးကိုယူပြီးသွေးခွက်ထဲထည့်ပြီးဆေးဖော်မှာတဲ့....ကျန်တာတွေကတော့...ပိုဆိုးလိမ့်မယ်ထင်...သူကအောက်လမ်းနည်းလိုက်စားသူပဲ ခုမှတက်သစ်စဖြစ်တာကြောင့်လက်တက်စမ်းတာပင်...

System ကပေးတဲ့မောင်💛Opowieści tętniące życiem. Odkryj je teraz