World. 10(part-5)

733 41 0
                                    

"လန်ယွီ စစ်သူကြီးဝေ့ ကိုအာနားစရာကြီး"

"ရပါတယ်အိမ်ရှေ့စံခလေးက မသိလို့ပြောလိုက်တာပဲဟာ"

"ခလေးက မှန်ရာကိုပြောတာပါ...ခလေးစကားမမှန်ရင်ဒီမင်းသားလေးနေရာကိုယူမထားဘူး"

"လန်ယွီ"

"အိုးးခလေးလေးက မင်းသားဖစ်ထိုက်ပါပေတယ်....ဟုတ်ပြီ ကျွန်တော်မျိူးကအလှလေးပါဗျာ..."

"ခ်ခ် အဲ့လိုမှပေါ့....ဝါးးးခလေးလေးကြီးလာရင်လဲ လေးလေးလို့ခါးသေးသေးလေးဖစ်အောင်လုပ်မယ်ဟိဟိ"

"လန် လန်ယွီ"

"နေပါစေအိမ်ရှေ့စံရယ်ခလေးဂျီကျနေအုန်းမယ်"

"ကောင်းပါပြီစစ်သူကြီးဝေ့"

လန်ကျီကွေ့ကတော့ ညီတော်လန်ယွီကိုမနိုင်ပါပေ...စစ်သူကြီးခန်နာကိုယ်အချိူးအစားကို စိစိစပ်စပ်လိုက်ကြည့်ပြီး....သူလဲအဲ့လိုလေးလှအောင်နေဖို့လုပ်နေခြင်းပါ...ဘာတဲ့တနပ်စာကိုတောင်လျှော့စားအုန်းမည်တဲ့...သေလိုက်ပါတော့လားလန်ကျီကွေ့ရယ်....ငါးနှစ်သားမို့သာ.... စကားကလူကြီးထက်တက်နေတာ...

"လေးလေးကဒီမှာတစ်နေ့လုံးနေမှာလား"

"အင်းပေါ့ ခလေးလေးနဲ့အဖော်ပြုပေးမလို့"

"ယေးးးကိုကို စာအုပ်တွေသိမ်းသိမ်း လေးလေးနဲ့လမ်းလျှောက်ထွက်မယ်မက်မွန်ခြံထဲကိုနော်...."

"ဟုတ်ပြီဟုတ်ပြီ..."

"ကိုကိုကချောလာပါတယ်ချစ်စရာလေးသိမ်းပြီးလိုက်လာခဲ့နော်လာလေးလေး"

"ဟာကြည့်ညာခိုင်းသွားသေးတယ်ဟေ့...စောင့်ပါအုန်း"

ဝေ့ဝူရှန့်ကတော့မင်းသားလေးနဲ့နှစ်ယောက်...မက်မွန်ခြံထဲရောက်နှင့်နေပါပြီ....အိမ်ရှေ့စံကတော့ နောက်ကနေအပြေးလိုက်လာရသည်..

"ဟူးးးစောင့်ပါအုန်းဆိုတာကိုခလေးစုတ်လေး"

"ဟင့်...ကိုကိုကသားကိုဆူတယ်ချစ်လို့ဟာကိုလေးလေးရေ"

"အိုးးးကျွတ်ကျွတ်ဟုတ်သားပဲအိမ်ရှေ့စံကလဲ "

"ဟုတ်ပြီ ကိုကိုက ခလေးလေးကိုမဆူတော့ဘူးနော်တိတ်တိတ်"

System ကပေးတဲ့မောင်💛Where stories live. Discover now