ရွန်းရွန်းစားစားတောက်လောင်နေတဲ့မီးပုံနဘေး အဲလစ်နဲ့ကေးတို့ရဲ့အပြုံးဟာ...ပိုပြီးတောက်ပနေသည်.....ပြည့်ဝန်းနေတဲ့လမင်းကြီးကတော့...သူ့ရဲ့တာဝန်အတိုင်းလရိပ်ရေးရေးလေးပေးလို့ပေါ့...နှစ်ယောက်သားအပြုံးဖလှယ်ပြီး ခနမျှတိတ်ဆိတ်သွားကာ....တိတ်ဆိတ်မူ့ကိုဖြိုခွင်းသူက ေကး ပင်...
"သက်လယ်"
"ဟင်..."
"မောင့်ကိုချစ်သေးရဲ့လား"
"အင်းးးချစ်တယ်"
ထိုစကားပြောပြီးသည်နှင့်ရဲတက်သွားတဲ့ပါးဖောင်းဖောင်းလေး...ဝိုးဝါးဝါးပဲမြင်နေရတဲ့ ပန်းနုရောင်နူတ်ခမ်းဖူးဖူးလေး....ဆေးဆိုးပန်းရိုက်အလှမဟုတ်ဘဲ သဘာဝအတိုင်းလှနေတဲ့ကြွေရုပ်လေးကို ကေး ကောက်ရလိုက်သလို...ရင်ထဲတည်ငြိမ်မူ့တေကအရှင်းသားခုန်ဆွခုန်ဆွဖစ်နေတဲ့နှလုံးသားလေးက သက်လယ်ရဲ့မျက်ဝန်းလှလှလေးမှာအဖန်ဖန်တလဲလဲ ကျရူံးရပြန်ပါပြီ....
"လှလိုက်တာသက်လယ်"
"ဟာ...သူများကို အဲ့လိုကြီးကြည့်ပြီးမပြောစမ်းပါနဲ့...ဟွန့်မျက်လုံးတွေကိုက မရိုးသားဘူး"
အမှန်တော့....အဲလစ် မောင့်ရဲ့ညို့ငင်လွန်းတဲ့မျက်ဝန်းတွေနဲ့ရင်မဆိုင်ရဲပါဘူး...တစ်ကိုယ်လုံးပူထူလာပြီး...မျက်နှာဘယ်နားသွားထားရမည်မသိ....ရှေ့မှာတောက်လောင်နေတဲ့မီးပုံကြီးတောင်...သူလောက်ပူမည်မထင်...
"ဟာသပ်လယ်ရယ်မောင်နှလုံးသားကရိုးသားပါတယ်"
"ပြီးရော်"
"ချွင်းချက်က မောင်ကမဖြူစင်ဘူးသက်လယ်အပေါ်မှာတော့"
" ဟာ လူဆိုးမောင်...သွားဝေးဝေးနေ"
"မလုပ်ပါနဲ့ဝေးဝေးသွားနေရင်မောင့်နှလုံးသားလေး စည်းချက်ဘယ်မှန်တော့မှာလဲ"
"အပိုတွေသိပ်ပြောမနေနဲ့"
"မယုံဘူးလားဟင်"
"ယုံဘူး"
"ယုံသွားအောင်မောင်သက်သေပြမယ်"
"ဘယ်လိုသက်သေပြမှာလဲဟွန့်"
"မျက်လုံးလေးမှိတ်ထား"
YOU ARE READING
System ကပေးတဲ့မောင်💛
ActionSystem ficလေးပါဖတ်ဖူးသူလဲရှိမယ်ထင်တယ် ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ် ပြန်တင်ပေးလိုက်ပါပြီနော်❤