World. 6(part.3)

900 50 0
                                    

"မောင် ဒီမှာဘာလုပ်နေတာလဲ"

"ဟမ်...စရင်းတွေစစ်နေတာလေ"

"ေအာ် သက်လယ်လေ....စွပ်ပြုတ်သောက်ချင်လို့"

"ဟမ် ခုနကမှ ဟော့ပေါ့စားပြီးတာလေ"

"ခုကထပ်စားချင်လို့ကို ငြိုငြင်တာလားပြော...တော်ပြီခဗျားကြီးကိုမစဥ်းစားပေးတော့ဘူး"

"သက်လယ်ကလဲကွာ အဲ့လိုတော့မလုပ်နဲ့လေ မောင်ကအစာမကြေဖစ်မှာဆိုးလို့ပြောတာပါ....ကဲခုစားချင်တာမလား...ခုပဲလုပ်ကျွေးမယ်ဗျာ"

"ဟိဟိ မောင်ကအရမ်းချစ်ဖို့ကောင်းတာပဲနော်"

"အဲ့တော့....မောင့်ကိုအဖြေပေးလိုက်တာပေါ့"

"ဟမ် မပေးပါဘူး ခဗျားနော် အသားလာမယူနဲ့"

"လုပ်ပါလုပ်ပါ....ထိလို့ကိုင်လို့မရလို့ဒီအတိုင်းကြည့်နေမယ်....ရတဲ့တစ်နေ့မောင့်လက်ကမလွှတ်စေဘူး"

"ဟွန်ံ့....သက်လယ်က ဘင်ယောင်းဟီကိုမချစ်ဘူး....ဝမ်ရိပေါ်ကိုပဲချစ်တာ..."

"ဘာ! !!!!ဘယ်က ဝမ်ရိပေါ် လဲ...ဘယ်သူလဲ သက်လယ်ခုပြော.."

"အိစ့်...သူကဟို သက်လယ်ရဲ့အချစ်ဆုံးလေးလေ"

"မရဘူး မောင့်ကိုပဲချစ်"

"မရဝူး ဝမ်ရိပေါ် ပဲချစ်တယ်"

"နေပါအုန်း ဝမ်ရိပေါ် ဆိုတာကဘယ်သူလဲဘယ်ကလဲ"

"အော် ဟဲဟဲ မင်း မင်းသားလေ သက်လယ်ရဲ့ idolကြီးမို့ ဟွာ ချစ်တယ်လို့ပြောတာဟီးး"..

"ဟွန်းးးးမောင်စိတ်မချဘူးနော်သက်လယ်...ဝမ်ရိပေါ်နဲ့လဲစိတ်မချဘူးနော်သူနဲ့ခပ်ဝေးဝေးနေ မောင့်အနားမှာပဲနေနော်..."

"အော် ဟုတ်ကဲ့ပါလို့"

ဘင်ယောင်းဟီ.... စိတ်မကောင်းဖစ်တာပင်...သက်လယ်က ဝမ်ရိပေါ်ကိုပဲချစ်သည်တဲ့....ဝမ်ရိပေါ် မင်းကဘယ်သူများလဲ...ငါ့သက်လယ်ရဲ့အချစ်တွေကို မင်းမောင်ပိုင်စီးတာလား....မင်းနဲ့တွေ့ရင် ငါ့သက်လယ်ရဲ့အချစ်တွေကို ပြန်ပေးဖို့ တောင်းခံရမယ်...

တုတ်တုတ်ကတော့ တော်တော်ကိုလျှော့ရသွားရှာသည်....ဝမ်ရိပေါ်ဆိုသူက သူဘဲလေ...အရှင်ရယ် ကို့ကိုကို သဝန်တိုနေတာပဲ...rsတွေပိုကိုပိုတယ်....

System ကပေးတဲ့မောင်💛Where stories live. Discover now