World. 8(part-2)

822 51 0
                                    

သွားပါပြီ ရှက်စရာကြီး...စိတ်ထဲရှိတာလွှတ်ကနဲထွက်ပြောမိသည်....

"မှားသွားလို့ပါဟိုမောင်စားနေတဲ့ပန်းကန်လေဟိုဟာ"

"ပန်းကန်ကိုကိုက်စားဖို့ပြောနေတာလား"

"ဟုတ်ဖူးလေ ဟင်း ဟင်း"

"ဟင်း ကိုလား ကိုက်စားစရာမလိုပါဘူးဖြေးဖြေးစားလဲရပါတယ်ဗျာ...ကျနော်...အဲမှားလို့ မောင်ထည့်ပေးမယ်နော်"

"အင်းမောင်"

တော်သေးတာပေါ့ အရှောင်ကောင်းလို့...

ဟင်းပန်းကန်ထဲကအသားကိုခပ်ကာ ကမ်ဒီ ထမင်းပန်းကန်ထဲသို့ထည့်ပေးလိုက်သည်...

"ရပြီမောင် ပြန်စားတော့"

"ဟုတ် ဟုတ်"

ကမ်ဒီ ထမင်းစားသော်လဲစိတ်ကမပါ...မောင်ရဲ့ထမင်းစားနေတဲ့အရပ်အယောင်လေးကိုငေးရတာနဲ့ ပြန်ကြည့်ရင်မျက်နှာလွဲရတာနဲ့...အလုပ်ရူတ်နေတာပင်...

ဘရစ်တို ကတော့လည်ပင်းခနခန နင်လို့ ရေခွက်ကိုလက်ကမချရပါပေ သက်လယ်က သူ့ဆီပဲအကြည့်ရောက်နေကာသူပြန်ကြည့်ရင် မဟုတ်သလိုမျက်နှာလွှဲတက်သွားတက်သည်....

"အဟမ်း မောင် မောင်ဝပြီ"

"အမ် အော်သက်လယ်ရော် ပန်းကန်တေသိမ်းခိုင်းလိုက်မယ်နော်"

"မောင်သိမ်းလိုက်ပါ့မယ်"

"မဟုတ်တာ....အိမ်စေတွေ ဒီပန်းကန်တေလာသိမ်းချည်..."

အိမ်စေတွေက ပန်းကန်တွေကိုလာသိမ်းကာ အချိူပွဲ လာချပေးသည်....မောင်ဝက်ပုပ်လေးကထပ်စားနေပြန်ပြီကော...စားပါစားပါဒီကချစ်နေရပြီ....

"စားချင်လို့လားသက်လယ် "

"စားပါဘူး စားစားမောင်ပဲစား"

"ဟုတ်"

စားလို့သောက်လို့ပြီးစီးသည်နှင့်...ကမ်ဒီ ကတော့...စရင်းတွေထိုင်စစ်သည်...ဘရစ်တိုကတော့ ကြောင်တောင်တောင်းလေးရယ် ကမ်ဒီကိုကူညီပေးချင်ပေမဲ့အအော်ခံရမှာစိုးသည်...

"မောင် အဲ့တာဘာလုပ်နေတာလဲ လာလေ သက်လယ်စရင်းတာကြည့်မလား TVကြည့်မလား"

System ကပေးတဲ့မောင်💛Where stories live. Discover now