World. 10(part-4)

739 43 0
                                    

ဘုရင့်နန်းဆောင်ကိုရောက်တော့...

"အရှင်မင်းကြီး "

"ဟမ်"

" အရှင်မင်းကြီး ပြောတဲ့ရန်လိုနေတဲ့အမတ်တွေဆိုတာဘယ်အမတ်တွေလဲ ကျွန်တော်မျိူးမှတ်သားထားရအောင်ပါ"

"အမ်...ဟို..ငါလဲအတိအကျသိပ်မသိဘူး"

"ဟင်..."

"  ဒါနဲ့လက်ဖက်ရည်သောက်မလား"

"အမ်ဟုတ် ဟုတ်ကဲ့"

စကားလမ်းကြောင်းလွှဲကာ လက်ဖက်ရည်ကိုအတင်းငှဲ့ပြီးသောက်စေသည်.....ပါးခပ်ဖောင်းဖောင်းကိုပေါ်လွင်အောင်ရီပြနေတဲ့မောင်ဟာလေအပြစ်သားလေးမျက်နှာချိူသွေးနေသလိုပါပဲ.......

"ဟိုလက်ဖက်ရည်ကဘယ်လိုနေလဲ"

"အဆင်ပြေပါတယ်အရှင်မင်းကြီး"

"ဟိုမှာနေရတာအဆင်မပြေရင်နန်းတော်ထဲပြန်နေပါလား ကိုယ်တော်အဆောင်ကိုပြင်ဆင်ပေးမယ်လေ"

"စစ်သူကြီးခြံဝန်းကအဆင်ပြေပါတယ်အပင်ပန်းမခံပါနဲ့ "

"မပင်ပန်းပါဘူးမစိုးရိမ်ပါနဲ့စစ်သူကြီး"

"အို...အရှင်မင်းကြီးအဆင်ပြေသလိုသာလုပ်လိုက်ပါတော့ဗျာ"

"အင်းကိုယ်တော်အတွက်လဲစိတ်ပူရလို့ပါအဟမ်း..."

"အဟင်းးးဟုတ်ကဲ့ပါအရှင်မင်းကြီး"

သက်သက်မကာမောင်က ဂွင်ဆင်တာပင်...ထိုဂွင်ထဲသူကလဲမျက်လူံးစုံမှိတ်ပြီးဝင်ခဲ့သည်....မင်းကြီးအမိန့်နဲ့အလွှဲသုံးစားလုပ်နေတဲ့မောင်ဟာလေတစ်ခါတစ်လေကချစ်စရာကြီးပါ....

ဘုရင်မင်းကြီးရဲ့နန်းဆောင်နဘေးက လစ်လပ်နေတဲ့အဆောင်တော်မှာသူ့ကိုနေစေသည်....မည်သူမျှနေထိုင်ခွင့်ပြုမထားတဲ့အဆောင်တော်ပင်....သူမှာလဲနေရာအတည်တကျကိုမရှိ....ဟိုပြောင်းလိုက်ဒီပြောင်းလိုက်နှင့်...

💖💖💖💖💖💖💖💖💖💖💖💖💖💖💖💖

"အကိုတော် စစ်သူကြီးဝေ့ကိုပြန်ခေါ်လာတာလား"

"အင်းးး"

"ဘာလို့လဲ အရေးအကြောင်းရှိလို့လား"

"ဟင့်အင်းရှိပါဘူး".

"အာ့ဆိုဘာလို့ခေါ်လာတာလဲ"

System ကပေးတဲ့မောင်💛Where stories live. Discover now