World. 4(part-7)End🌷

1.1K 51 0
                                    




"သက်လယ် ဒီဆေးလား"

"ဟမ် မောင် အဲ့ဟာကအကိုက်အခဲပျောက်ဆေးကြီးလေ"

"အော် မှားသွားလို့"

"အာ့ကြောင့်ပြောပါတယ် မျက်မှန်တက်ပါဆိုတော့မတက်ဘူး"

"အော် သက်လယ်ရယ် မောင်မျက်မှန်တက်ရင် ပုံတုန်းသွားမှာပေါ့ သက်လယ်နဲ့မောင်နဲ့က အသက်က ကွာတယ်လေကွာ...သက်လယ်နုသလောက် မောင် အို နေမှာဆိုးလို့"

"အမယ်လေးဗျာ ဖြစ်ရမယ် ကျနော်ရဲ့ ယောက်ကျားက အသက်တေကြီးသွားလဲ ခန့်တုန်းချောတုန်းချစ်စရာကောင်းတုန်း"

"ဟီးးးဟုတ်ပါပြီ..ကဲရော့ ဒီမယ်သွေးပေါင်ကျဆေး ရေနွေးလေးနဲ့သောက်ချည်..."

ဧည့်ခန်းသစ်သားထိုင်ခုံပေါ် မောင်ဆေးရှာပြီးလာထိုင်ကာ ရေနွေးလေးကိုနွေးနေအောင်မူတ်ပေးနေသည်.....မောင်က ဘယ်အချိန်ကြည့်ကြည့် သူ့အချစ်တေကနက်ရှိုင်းလွန်းတာ လင်းညိုသွေး သတိထားမိ၏....သက်လယ်လဲမောင်ကိုပဲ ချစ်တာမောင်....

"မောင်ရယ် ပေးပေး သောက်တော့မယ် "

"အင်းရော့ ဖြေးဖြေးသောက်"

မောင်ကမ်းပေးတဲ့ဆေးနဲ့ရေနွေးနဲ့ကို မော့သောက်ပြီးဆီးတုန်း....ဟောလာပြီ မနိုင်စိန်နှစ်ယောက်....

"ဖေဖေလေးရေ သားကြီ လင်းညိုချောလာပါပြီခဗျာ"

"တယ်...ဘာသားကြီးလဲနင့်မိန်းခလေးနော် လင်းညိုချော...."

"အာဘာမိန်းခလေးလဲ မိန်းခလေးမဖြစ်ချင်ပါဘူး "

"ဟဲ့.."

"ကဲပါသက်လယ်ရယ် သမီးအယ်မှားလို့ သားကြီး သွားသွား အဝတ်အစားလှဲချည်.."

" ဟုတ်ကဲ့ဖေဖေကြီး "

စပ်စပ်လူးနတ်ပူးသလိုဖြတ်ဖြတ်ကိုလူး၍လင်းညိုချော တစ်ယောက် ခုန်ပေါက်ပြီးဝင်သွားလေသည်...

"ကဲ သားငယ် မောင်ချောသွေး သားလဲသွားနားချည်..."

"မနားသေးပါဘူး သား ဖေဖေလေးနဲ့ဖေဖေကြီးအဝတ်တေမီးပူတိုက်လို့မပြီးသေးဘူး ပြီးတော့ အိမ်ရှေ့က နှင်းဆီပန်း တေလဲရေလောင်းမလို့...အမစားချင်တဲ့ ငါးပေါင်းလေးလဲစျေးထွက်ပြီး ချက်ပေးရအုန်းမယ်"

System ကပေးတဲ့မောင်💛Where stories live. Discover now