ခနအကြာမှာ အရှင်မပြေးရုံတမယ် အဖြူရောင်နယ်မြေထဲဝင်လာသည်.....မျက်နှာချိူကိုအကောင်းဆုံးသွေးကာ....
"သက်လယ်"
ဧကရီမယ်မယ်ကတော့သူ့အကျင့်အတိုင်းလှည့်တောင်မကြည့်....ဒီအရာဟာသူစိတ်ကောက်နေသေးသည်ဆိုတာကိုအချက်ပြနေတာပင်....
"အဟင်းး သက်လယ် ဟို ဟာ"
"ဘယ်ဟာလဲ ဘာမှလာမပြောနဲ့..."
သက်လယ်ရဲ့ဘာမှလာမပြောနဲ့ဆိုတဲ့စကားကြောင့် ရေငုံနူတ်ပိတ်လိုက်သည်.....ထိုသို့နေလိုက်ခြင်းကသက်လယ်ကို ပိုစိတ်ဆိုးစေမည်မထင်....
"ခဗျားကခုကျမှအမိန့်ကိုနာခံနေတယ်ပေါ့"
"....."
ရေငုံနူတ်ပိတ်စကားအတိုင်းမည်မျှပြန်မပြော...
"ခဗျားနော်အူကြောင်ကြားလုပ်မနေနဲ့ ကျူပ်ကိုစကားတောင်မပြောတော့ဘူးပေါ့လေ"
"ဟင် သက်လယ်ပဲ ဘာမှလာမပြောနဲ့ဆို"
"ခုကြမှ ခဗျားနော်....ဟွန့်"
"တောင်းပန်ပါတယ်သက်လယ်ရယ်ခွင့်လွှတ်နော်...နောက်ကျသက်လယ်ဘယ်နေရာသွားသွားလိုက်ခဲ့မယ်နော်"
"ဟွန့်....အဲ့စကားတည်ပစေ"
"ဟုတ်ကဲ့ပါသက်လယ်ရဲ့"
ချစ်ရသူရဲ့ရွေမျက်နှာတော်ပြုံးရွင်မှဒီမောင်ရင်အေးရသည်.....
ဘေးကကြည့်နေသူတုတ်တုတ်ကတော့ အတွဲတေပိုကိုပိုတယ်ဆိုပြီးစိတ်ထဲမှာအတင်းတုတ်နေမှာအမှန်.....
"အရှင်နဲ့ဧကရီမယ်မယ်....ကျွန်တော်ကိုပိုးဟပ်ဘဝကနေ လွှတ်အောင်လုပ်ပေးပါအုန်း"
ထိုအသံကြားမှ အသိပြန်ဝင်လာကာ....လန်ကျန့် တုတ်တုတ်ကိုပိုးဟပ်ပုံကနေဖျက်ဆီးရေးနတ်ဘရားပုံကိုပြန်လည်ဖန်ဆင်းပေးလိုက်သည်......
လူပုံစံပြန်ရသွားတာကြောင့်...ပျော်ရွင်သွားတဲ့တုတ်တုတ်ကတော့ခုန်ပေါက်ကာ....
အဖြူရောင်နယ်မြေဟာလဲ ဖန်တီးရေးနတ်ဘုရားမ ယွမ်မိန်ဟန်ရဲ့ အပန်းပြေဥယျာဥ်တော်အဖြစ်ပြောင်းလဲသွားလေသည်....
YOU ARE READING
System ကပေးတဲ့မောင်💛
ActionSystem ficလေးပါဖတ်ဖူးသူလဲရှိမယ်ထင်တယ် ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ် ပြန်တင်ပေးလိုက်ပါပြီနော်❤