🌸Part -2🌸

1.8K 97 5
                                    

(Zawgyi)

🌸More than friends(သူငယ်ချင်းထက်ပိုသော)🌸

မနက်ခင်းနေရောင်ခြည်ကြောင့် ရှောင်းကျန့်နိုးထလာသည်။ မျက်လုံးဖွင့်ကြည့်မိတော့ ရိပေါ်ရဲ့ချောမောမှုကြီးက အထင်းသား။ အိပ်ပျော်နေတဲ့ရိပေါ်ကို ရှောင်းကျန့်ငေးကြည့်နေမိသည်

(မင်းက အရမ်းချောလွန်းတယ်ရိပေါ် ငါ့လိုလူက မင်းကိုချစ်မိတာ မမှားပါဘူး)

ရှောင်းကျန့် ကြည့်နေစဉ်မှာပဲ လှုပ်လာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်အိပ်ချင်ယောင်ဆောင်ရသည် ။ ရိပေါ် သူနိုးလာတော့ သူ့ရှေ့က ရှောင်းကျန့်ကို အနီးကပ်မြင်လိုက်ရ၍ လန့်သွားသည်

"အမလေး..!"

ပြီးကာမှ ရယ်သွားသောရိပေါ် ရှောင်းကျန့်ကိုေ-သချာကြည့်လိုက်သည် ။ မျက်မှန်ခပ်ထူထူအဝိုင်းကိုဝတ်ထားပြီး မျက်နှာမှာလည်း အမဲစက်တွေနဲ့ ပုံတုံးတုံးလေးဖြစ်နေတဲ့ရှောင်းကျန့်ကြောင့်

"မင်းက ချစ်စရာကောင်းမလိုလိုနဲ့ေ-သချာကြည့်တော့ရုပ်ဆိုးတာပဲ ခွီး...အဟင်းဟင်း ရှောင်းကျန့်...ရှောင်းကျန့် ရှောင်းကျန့်ရေ "

ရိပေါ်နှိုးကာမှ အိပ်ယာနိုးလာသည့်ဟန်လုပ်ပြကာ

"အင်း ထပြီ"

"ထတော့ ‌ထတော့ ဒီနေ့ကျောင်းမှာ စာတွေအများကြီးထပ်ရမှာ ငါတစ်လုံးမှမရေးရသေးဘူး ထဦး"

"ဘယ်လို? မင်းတစ်လုံးမှမရေးရသေးဘူး ဟုတ်လား"

"အေးလေ ဘာဖြစ်လို့လဲ"

"ဒီနေ့ဆရာက စာမထပ်တဲ့သူကို အပြစ်ပေးမှာတဲ့နော် ဘယ်လိုလုပ်မလဲအဲ့ဒါ"

"ဟာ တကယ်ကြီးလား"

"တကယ်ကြီးပေါ့"

"ရှောင်းကျန့်ရာ ငါ့ကိုအခုမှပြောရလား ဒုက္ခပဲ အဲ့ဒါဘယ်လိုလုပ်ကြမလဲ"

"ငါက စာရေးထားတယ် ကိစ္စမရှိဘူးရိပေါ် ငါ့တာဝန်သာထား ထထ ကျောင်းသွားကြမယ်"

"အေးအေး အဲ့ဒါဆိုမင်းအမြန်အကျီဝတ်ပြီး ငါ့အိမ်လိုက်ခဲ့ ငါအဝတ်အစားလဲပြီးရင် ငါ့အိမ်ကနေ ကျောင်းကိုတန်းသွားကြမယ်"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now