🌸Part -14🌸

1.5K 90 5
                                    

(Zawgyi)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

ရှောင်းကျန့် အခန်းတံခါးကိုပိတ်ကာ ကုတင်ပေါ်ပြစ်လဲလိုက်သည်။ အတွေးတွေက ပြီးခဲ့သောအချိန်တစ်ခုဆီသို့

*ရိပေါ်ရဲ့မျက်လုံးတွေထဲမှာ ရှောင်းကျန့်ကိုစိတ်ပူနေသောအကြည့်များက ပြည့်နှံ့နေသည်။ ရှောင်းကျန့် သတိထားမိပါသည် သူ့ကိုပွေ့ဖက်ထားတဲ့ရိပေါ် လက်တွေကိုကျစ်နေလို့ပင် ။ မျက်ရည်များဝဲကာ စိတ်ပူနေတဲ့ရိပေါ်ကို သူ့အတွက် ဒါပထမဦးဆုံးမြင်ဖူးတာပင်

(ရိပေါ် မင်းဘာလို့မျက်ရည်ဝဲနေရတာလဲ မင်းအိမ်ပြန်သွားမှာမဟုတ်ဘူးလား? ငါမရှိလည်း မင်းဖြစ်တာပဲလေ မဟုတ်ဘူးလား?)

"ရှောင်းကျန့်ရာ...စိတ်ပူလိုက်ရတာ"

"ရိပေါ်...ငါ ငါအရမ်းကြောက်တယ်...ငါတစ်ယောက်ထဲ..."

ရှောင်းကျန့် သူကြောက်နေ‌ကာ အသံတုန်ရီစွာဖြင့်ပြောတော့ ရိပေါ်ဆီက ထွက်လာတဲ့စကားကြောင့် ရှောင်းကျန့် ပို၍ငိုမိသည်

"ငါသိတယ်ရှောင်းကျန့် ငါမင်းမရှိပဲ ဘယ်တော့မှတစ်ယောက်ထဲအိမ်မပြန်ဘူးဆိုတာသိတယ်မလား ငါမင်းကိုကျောင်းဆင်းကတည်းက လိုက်ရှာနေခဲ့တာ စိတ်ပူလိုက်ရတာရှောင်းကျန့်ရယ်..."

(ရိပေါ် မင်းငါ့ကိုဒီအချိန်အထိ အိမ်မပြန်ပဲလိုက်ရှာနေခဲ့တာလား...ငါတောင်းပန်ပါတယ် ငါတစ်ယောက်ထဲလာခဲ့မိလို့)*

"ရိပေါ် မင်းငါ့ကို ခံစားချက်တွေ မတည်ငြိမ်အောင်နေတာလား ဟူး..."

ရှောင်းကျန့် ရိပေါ်ကိုလျစ်လျူကာ အိပ်စက်ခြင်းဆီသို့

...................................................................................

ကျောင်းရဲ့CCTVရုံးခန်းထဲ၌ ရှောင်းကျန့် ဝမ်ချင်နဲ့ရိပေါ်  ပြီးတော့အတန်းပိုင်ဆရာအပါအဝင် ကျောင်းအုပ်ကြီးအပြင် ရိုဟန်ပါထိုင်နေကြသည်။ ရိုဟန်က

"ဒါဘယ်လိုလုပ်ပေးမှာလဲဆရာ အခုဖြစ်သွားတာ ကျွန်တော့်သူငယ်ချင်းနော်"

ကျောင်းအုပ်ကြီးမှ

"ဆရာ အတက်နိုင်ဆုံးလုပ်ပေးပါ့မယ်သားရယ် ခဏလေးစောင့်ပါဦး CCTVမှာပေါ်လာမှာပါ"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now