🌸Part -22🌸

1.2K 65 4
                                    

(Zawgyi)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

ရှောင်းကျန့်အိပ်ယာနိုးလာချိန် မျက်လုံးဖွင့်ကြည့်တော့ သူ့ဘေးမှာရိပေါ်ရှိမနေပေ။

(ရိပေါ် မင်းဘယ်သွားပြန်တာလဲ မဟုတ်မှလွဲ...)

သူစဉ်းစားနေချိန်မှာပဲ အခန်းထဲသို့ မုန့်တွေနဲ့ဝင်လာသောရိပေါ် ။ အိပ်ယာနိုးနေပြီဖြစ်တဲ့ရှောင်းကျန့်ကိုမြင်တော့ အနားသို့အပြေးသွားသောရိပေါ်

"ရှောင်းကျန့် မင်းနိုးပြီလား ဘယ်နားမသ-က်သာတာရှိလဲဟင်"

စိတ်ပူတဲ့အကြည့်နဲ့ ပျော်ရွှင်နေတဲ့အပြုံးက ရှောင်းကျန့်ရဲ့အတွေးတွေကို ပြောင်းပြန်လှန်လိုက်သလိုပင်

(မင်းငါ့ကိုထပ်ထားသွားပြီထင်ခဲ့တာရိပေါ် တော်ပါသေးရဲ့ မင်းကမုန့်သွားဝယ်နေတာကိုး)

ရိပေါ် သူ့ကိုပြန်မပြောပဲ မျက်နှာကိုပဲကြည့်နေတဲ့ရှောင်းကျန့်ကြောင့်

"ရှောင်းကျန့် ဘာဖြစ်လို့လဲ ငါဘာလုပ်ပေးရမလဲ"

ထိုတော့မှ အသိစိတ်ကပ်သွားသောရှောင်းကျန့်

"ဟင့်အင်း ရတယ် ဘာမှမလိုဘူး"

"အဲ့ဒါဆို ခဏလေးစောင့် ငါဆရာဝန်သွားခေါ်လိုက်ဦးမယ်"

"အင်း"

ရိပေါ်ထွက်သွားတာကိုကြည့်ကာ ရှောင်းကျန့်သ-က်ပြင်းချလိုက်သည်

(ဟင်း...မင်းအပြုအမူတွေကြောင့် ငါဆုံးဖြတ်ရခက်နေပြီရိပေါ်)

ဆရာဝန်နဲ့ရိပေါ် ဝင်လာကာ ရှောင်းကျန့်ကို စစ်ဆေးလိုက်သည်။ ရိပေါ်က

"Dr. ရှောင်းကျန့်ဘယ်လိုနေသေးလဲဗျ"

"လူနာက ကျန်းမာရေးကောင်းနေပါပြီ မနက်ဖြန်ဆေးရုံဆင်းမယ်ဆိုရင်တောင် ရနေပါပြီဗျ"

"ဟုတ်ကဲ့Dr. ကျေးဇူးတင်ပါတယ် "

ဆရာဝန်ပြန်ထွက်သွားပြီးနောက် ရိပေါ်က ဆန်ပြုတ်ကိုပန်းကန်ထဲထည့်လိုက်ကာ ကုတင်ဘေးအပေါ်ကို တက်ထိုင်လိုက်ပြီး ဆန်ပြုတ်ကိုေ-သချာမှုတ်ပေးလျှက် ရှောင်းကျန့် နှုတ်ခမ်းရှေ့ကိုတေ့ကာ

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now