🌸Part -13🌸

1.6K 88 8
                                    

(Zawgyi)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

မုန့်စားချိန်အပြီး ရှောင်းကျန့်နဲ့ရိပေါ် ဘာစကားမှမပြောကြပေ။ အချိန်အတော်ကြာတော့ ရှောင်းကျန့် မတ်တပ်ရပ်ကာ ဆရာအနားအားသွား၍ အပြင်ထွက်သွားသည်။ ဒါကိုကြည့်နေတဲ့ရိပေါ်ကတော့

(တစ်ခုခုဆို အမြဲငါ့ကိုခေါ်နေကြပါ ဟင်း...ကောင်းပြီလေ မင်းက ငါနဲ့မပေါင်းချင်မှတော့လည်း ငါကအလိုက်သိရမှာပေါ့ရှောင်းကျန့်)

..................................................................................

ရှောင်းကျန့် ဗိုက်အလွန်နာနေ၍ ဆရာကိုခွင့်တောင်းကာ Toilet သို့အမြန်ဝင်သွားရသည်။ Toilet ထဲဝင်သွားပြီးမှ ဖြေလျှော့လိုက်သော ရှောင်းကျန့်

"အား...အခုမှပဲ အဆင်ပြေသွားတော့တယ်"

ရှောင်းကျန့် သူ့ကိစ္စပြီးပြီဖြစ်၍ တီရှူးယူမယ်ကြည့်‌တော့ ခါတိုင်းလိုပဲ တီရှူးကရှိမနေပေ ဒါကြောင့်အမှတ်တစ်မဲ့ဖြင့်

"ရိပေါ် ငါ့ကိုတီရှူးသွားယူပေးပါဦး"

နှုတ်မှပြောလိုက်ပြိးမှ ရိပေါ်သူ့အနားမှာမရှိမှန်း သတိရသွားကာ မျက်နှာညှိုးငယ်သွားသောရှောင်းကျန့်

"ဟုတ်သားပဲ ငါရိပေါ်ကိုမှ ခေါ်မလာခဲ့တာ အဟက် ရှောင်းကျန့် မင်းဘာတွေမျှော်လင့်နေသေးတာလဲ"

ရှောင်းကျန့် သူ့ကိုယ်သူသတိပေးနေတုန်း သူ့ခြေထောက်အောက်ကို တီရှူးပြစ်ထည့်ပေးသွားသောကြောင့် ရှောင်းကျန့် အပြင်ကလူကို ကျေးဇူးတင်နေသည်

"အာ...အပြင်ကအတန်းဖော်ခဗျ ကျေးဇူးတင်ပါတယ်"

ရှောင်းကျန့်စကားကို အပြင်မှလူက

"မလိုဘူး ရတယ် မင်းရိပေါ်အနားမှာရှိမနေရင်ရပြီ အခုကတည်းက ပြောထားမယ် ရိပေါ်အနားမှာနေပြီး ရိပေါ်ကိုငိုအောင်လုပ်ရင် ဒီထက်ပိုဆိုးမယ်မှတ်"

ရှောင်းကျန့် အပြင်ကလူ ပြောသွားတာတွေကိုတစ်ခုမှနားမလည်ပေ။ ဒါကြောင့် အပြင်ထွက်မယ်လုပ်တော့ တံခါးကဖွင့်မရ‌တော့ပေ။

"ဒီမှာ အပြင်ကလူ တံခါးဖွင့်မရဘူး ဖွင့်ပေးပါဦး"

"ဟဟဟဟ ဒီတစ်ညတော့ ဒီကျောင်းကြီးရဲ့အမှောင်ထုကြီးထဲမှာ ပျော်ပျော်ကြီးအိပ်စက်လိုက်ပါဦးကွာ အဟဟဟ ဟေ့ကောင်တွေသွားမယ် လာ"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now