🌸Part -8🌸

1.5K 106 13
                                    

(Zawgyi)

🌸More than friends(သူငယ်ချင်းထက်ပိုသော)🌸

ရှောင်းကျန့် ခေါင်းပါမူးချင်သွားသည်။ သူ့ရဲ့မျက်မှန်ကိုချွတ်၍ ဘာမှမလိမ်းတဲ့မျက်နှာပေါ်သို့ မိတ်ကပ်များ စတင်လိမ်းခြယ်ပေးနေကြသည်။ မထူမပါးမျက်ခုံးပေါ်သို့ အရောင်များတင်ပြီး ပါးလွှာတဲ့နှုတ်ခမ်းသားပေါ်မှာ နီစွတ်စွတ်အရောင်လေးက နေရာယူလျှက် မျက်မှန်နေရာမှာ အကြည်ရောင်မျက်ကပ်မှန်လေးက အစားထိုးခံလိုက်ရသည်။ ဆံပင်ပုံစံကိုပြောင်းလျှက် အကျီတွေလဲပေးကြကာ ရိုဟန်၏အရှေ့သို့ခေါ်သွားလိုက်ကြသည်

"အကိုလေး"

ဝန်ထမ်းရဲ့ခေါ်သံကြောင့် ရိုဟန်ဖုန်းကိုပိတ်ကာ အရှေ့သို့ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ကြက်ေ-သေ-သသွားသောရိုဟန် ။ ရှောင်းကျန့် သူ့ကိုပါးစပ်အဟောင်းသားဖြင့်ငေးကြည့်ကာ မျက်တောင်တောင်မခတ်နိုင်တော့တဲ့ရိုဟန်ကြောင့်

"ရို ရိုဟန် အဲ့ အဲ့လိုကြီးကြည့်မနေနဲ့လေ ငါမနေတက်ဘူး"

ရိုဟန် မတ်တပ်ရပ်လိုက်ကာ ရှောင်းကျန့်ရဲ့ပတ်ပတ်လည်ကိုေ-သချာလိုက်ကြည့်ကာ

"မင်းက မှန်ကြောင် ရှောင်းကျန့်ေ-သချာပါတယ်နော်"

"ငါပါရှောင်းကျန့်ပါ ဘာဖြစ်လို့လဲ"

"အရမ်းလှတယ် အရမ်းချောတယ် အရမ်းမိုက်တယ်ကွာ"

ရိုဟန်အပြောကြောင့် ရှောင်းကျန့်ရယ်မိသွားသည်။ ရိုဟန် ရှောင်းကျန့်ရဲ့အပြုံးလေးကိုကြည့်ကာ

"မနက်ဖြန်မွေးနေ့ကြရင် မင်းငါနဲ့အတူ ပွဲတက်ရမယ်ရှောင်းကျန့်"

"ပွဲတက်မယ်?"

"ဟုတ်တယ်လေ ဝမ်ချင့်မွေးနေ့ပွဲမှာ အားလုံးက သူ့အတွဲနဲ့သူလာကြမှာ နောက်ပြီး လူကြီးလူကောင်းတွေအများကြီးပဲ မင်းကိုငါ့သူငယ်ချင်းအဖြစ် ပွဲထုတ်ချင်လို့လေ"

"အာ...ရိုဟန် ဖြစ်ပါ့မလား ငါကအဲ့လိုမျိုးကြီးတွေမနေတက်ဘူး"

"ဖြစ်ပါတယ် ငါတစ်ယောက်လုံးရှိတဲ့ကိစ္စကြီးကို"

"အင်းပါ မင်းအာမခံရင်ပြီးတာပဲ ဒါပေမယ့် ငါကရိပေါ်နဲ့ ပွဲတက်မှာလေ မင်းနဲ့မတက်ဖြစ်လောက်ဘူးထင်တယ်"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now