🌸Part -4🌸

1.7K 120 35
                                    

(Zawgyi)

🌸More than friends(သူငယ်ချင်းထက်ပိုသော)🌸

ဝမ်ချင်တို့မောရယ်နေကြစဉ် အကြည့်က ခပ်လှမ်းလှမ်းမှ ရှောင်းကျန့်ဆီသို့ရောက်သွားပြီး

"ဟိုတစ်ယောက်က ရှင့်သူငယ်ချင်းမလားရိပေါ်"

"ဟင် ဘယ်တစ်ယောက်လဲ"

ဆိုကာ ရိပေါ်လှမ်းကြည့်တော့ ရှောင်းကျန့်ကိုပြောနေတာပင်

"အော်အင်း ဟုတ်တယ်လေ ခဏလေး ကိုယ်သွားခေါ်လိုက်ဦးမယ် မိတ်ဆက်ပေးဖို့"

"ရတယ်ရတယ် နောက်မှမိတ်ဆက်ပေး အိမ်က ကားကလာနေပြီမို့"

"အင်းအင်း ဂရုစိုက်ဦးနော်"

"အင်းပါ"

ဝမ်ချင် ကားပေါ်တက်သွားကာ ထွက်သွားသည်။ ရိပေါ်လည်း ရှောင်းကျန့်အနားသို့သွားကာ

"ရှောင်းကျန့်"

ရှောင်းကျန့် ရိပေါ်သူ့ဆီလာနေတာကြောင့် မျက်ရည်ကိုသုတ်ကာ ဟန်မပျက်နေရသည်။ ရိပေါ် ရှောင်းကျန့်အနားကိုရောက်တော့ ပုခုံးကိုဖက်လိုက်ကာ

"ရှောင်းကျန့် လာ ငါတို့အိမ်ပြန်ကြမယ်"

"အင်း"

ရိပေါ်နဲ့ ရှောင်းကျန့် အိမ်ကိုပြန်နေကြစဉ် လမ်းမှာရိပေါ်က ရှောင်းကျန့်ပုခုံးကိုဖက်ထားရင်းပြောသည်

"စောနက ဝမ်ချင်ကမင်းကိုတွေ့တယ် ငါမိတ်ဆက်ပေးမယ်လုပ်တော့ အချိန်မရှိတော့လို့ နောက်မှမိတ်ဆက်ပေးတဲ့"

"အင်း ဘယ်အချိန်ဖြစ်ဖြစ် မိတ်ဆက်ပေးလို့ရနေတာပဲလေ"

"အင်းနော် အေးဆေးပေါ့ ဟုတ်တယ်မလား"

"အင်း"

စကားတွေတပြောပြောနဲ့ ရိပေါ်နဲ့ရှောင်းကျန့်ကတော့ နောင်ဖြစ်လာမယ့်အနာဂဏ်ကိုမသိပဲ လမ်းလျှောက်နေကြသည်

..................................................................................

ရှောင်းကျန့် ရိပေါ်ကိုပေးဖို့အတွက် ကြယ်လေးတွေခေါက်နေသည်။ ဖန်အလှပုလင်းကြီးတစ်လုံးထဲသို့ ကြယ်တစ်လုံးကို ခေါက်ပြီးထည့်လိုက်သည်

"ဒီနေ့က ငါ့ကိုဝမ်းနည်းစေတဲ့နေ့တစ်ရက်ဖြစ်တယ် ဒါကြောင့် ကြယ်လေးကို မီးခိုးရောင်‌ထည့်မယ်"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now