🌸Part -7🌸

1.5K 105 5
                                    

(Zawgyi)

🌸More than friends(သူငယ်ချင်းထက်ပိုသော)🌸

ရှောင်းကျန့် မနက်ကတည်းက ရန်ဖြစ်နေတဲ့ရိုဟန်နဲ့ရိပေါ်ကိုကြည့်နေသည်။ ရိပေါ် ရှောင်းကျန့်ရဲ့အဝတ်တွေကိုခေါက်နေစဉ် ရိုဟန်က ရှောင်းကျန့်အနားကိုကပ်လာကာ ပုခုံးကိုဖက်လျှက်

"ရှောင်းကျန့် မင်းဒီနေ့ဆေးရုံကဆင်းရတော့မယ်ဆိုတော့ မပျော်ဘူးလား"

"ပျော်တာပေါ့ ရိုဟန်"

"ငါရောပဲပျော်တယ်"

"မင်းက ဘာလို့ပျော်တာလဲရိုဟန်"

"ဘာလို့ဆို ကျက်သရေမရှိတဲ့မျက်နှာတွေကို တစ်ခန်းထဲ အတူတူကြည့်နေရတဲ့အဖြစ်ကနေ လွတ်မြောက်တော့မှာမို့လို့လေ"

ထိုအခါရိပေါ်က အဝတ်တွေခေါက်နေရင်း မျက်မှောင်ကျုံ့ကာ လှည့်ကြည့်လာသည်

"မင်းဘယ်သူ့ကိုပြောချင်တာလဲရိုဟန်"

"ဘယ်သူ့ကိုပြောချင်တယ်ထင်လဲ"

ရှောင်းကျန့်က

"တော်ကြာပါတော့ နှစ်ယောက်သား ရန်ပဲဖြစ်‌နေကြတော့မှာလား ခဏတဖြုတ်လောက်တော့ သင့်သင့်မြတ်မြတ် နေကြပါဦး"

ထိုအချိန် အခန်းထဲသို့ဝင်လာသော ဝမ်ချင်နဲ့ယွီပင်း

"ရိပေါ် ပစ္စည်းတွေပြီးပြီလား သွားကြမယ်လေ"

"ပြီးပြီဝမ်ချင် ကိုယ်ပစ္စည်းတွေသွားထားလိုက်ဦးမယ်"

"အင်းအင်း"

ရိပေါ်ထွက်သွားတော့ ယွီပင်းက ရှောင်းကျန်ကို

"ရှောင်းကျန့် လာ ကိုယ်တို့ပြန်ကြမယ်"

ရိုဟန်က

"မင်းကိုယ်မင်း တစ်ကိုယ်ထဲကိုယ်နေတာ ဘာလဲ ရှောင်းကျန့်ကိုကြိုက်နေတာလား"

"မဟုတ်ပါဘူးဗျာ တရင်းတနှီးခေါ်တာပါ"

"အဲ့ဒါဆို ငါ့ကိုလည်းစကားပြောရင် ကိုယ်နဲ့ပြောလေ"

".........."

ယွီပင်းနဲ့ရိုဟန်ကြား လေထုကခဏတိတ်ဆိတ်သွားသည်။ ဝမ်ချင်က ချောင်းဟန့်ကာ

"အဟမ်း! အဟမ်း! ပစ္စည်းတွေလည်းတင်ပြီးပြီဆိုတော့ သွားကြရအောင်လေ"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now