(Zawgyi)
🌸More than friends(သူငယ်ချင်းထပ်ပိုသော)🌸
ရှောင်းကျန့် အိပ်ယာမှမထနိုင်ပေ။ ခြေထောက်တစ်ခုလုံးနာကျင်နေကာ ပင်ပန်းနွမ်းနယ်နေသည်။ ထိုအချိန် တံခါးခေါက်သံတစ်ခု
~ဒေါက် ဒေါက် ဒေါက်~
ရှောင်းကျန့်အသံမကြားတာကြောင့် ရိပေါ်တံခါးဖွင့်ကာ ဝင်လာသည်။ ရှောင်းကျန့်ကုတင်ဘေးပေါ် ထိုင်လိုက်ပြီး
"သ-က်သာရဲ့လားရှောင်းကျန့်"
"အင်း"
"အသံကလည်း အားမရှိလိုက်တာ ကဲ လာ ထ မုန့်စားမယ်"
"ငါထ,မရဘူး"
"ဟမ် ဘာလို့လဲ?"
"ခြေထောက်က"
ရိပေါ် ခြေထောက်ကိုတစ်ချက်ကြည့်ကာ
"နာနေလို့လား"
"အင်း"
"ကဲ...လာ အဲ့ဒါဆို ငါချီမယ်"
"သွားစမ်းပါ ကလေးကလားနဲ့"
"ဘာကလေးကလားလဲ မင်းမထနိုင်ရင်တော့ ချီရမှာလဲ လာ"
ရိပေါ် ရှောင်းကျန့်ကိုပွေ့ချီလိုက်တော့ ရှောင်းကျန့်က
"ကျစ် အောက်ချပေး"
"ငြိမ်ငြိမ်နေ"
ရေချိုးခန်းထဲသို့ခေါ်သွားကာ ဘေစဉ်ဘေးက ခုံမှာချပေးပြီး သွားတိုက်ဆေးထည့်ကာ သွားတိုက်ဖို့ပေးသောရိပေါ်ကြောင့် ရှောင်းကျန့်မော့ကြည့်မိသည်
"ငါက ကလေးလား ဒီလောက်ထိလုပ်ဖို့မလိုပါဘူး"
"ဒါဆို မင်းကရော ကလေးလား ငါ့အပြစ်တွေကို အစားခံယူရလောက်တဲ့အထိ လုပ်ပေးစရာမလိုဘူးလေ"
"ဟင်း..."
"သ-က်ပြင်းချမနေနဲ့ သွားတိုက် ပြီးရင် မနက်စာစားကြမယ်"
"ငါ့အိမ်ကို အစောကြီးလာပြီး ဘာလာလုပ်တာလဲ"
"ဘာလုပ်ရမလဲ မင်းကိုလာပြုစုတာလေ အချစ်ကလေးရဲ့"
"တော်စမ်းပါ အပိုတွေ"
"တကယ်ပါဆို ဒီနေ့ရော မနက်ဖြန်ရော ငါမင်းနဲ့ပဲအတူရှိနေမှာ"
YOU ARE READING
🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]
Fanfiction❄️ငယ်စဉ်ကတည်းအတူပေါင်းသင်းလာတဲ့သူငယ်ချင်းနှစ်ယောက် တစ်ဖက်သက်အချစ်နဲ့ချစ်ရသူအကြိုက် အရာရာကိုဖြည့်ဆည်းပေးတက်တဲ့ရှောင်းကျန့်နဲ့ ရည်းစားတွေပွေရှုပ် အပျော်အပါးမက်တက်တဲ့ဝမ်ရိပေါ်။ တတိယလူပေါ်လာတဲ့အခါ တစ်ဖက်သက်အချစ်နဲ့ရှောင်းကျန့်ကရောဆက်ချစ်နိုင်ပါဦးမလား ရည...