🌸Part -9🌸

1.4K 99 2
                                    

(Zawgyi)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

ရိပေါ် စိတ်ထဲတွင် မတင်မကျဖြစ်ကာ ရှောင်းကျန့်ကိုစိတ်ပူနေသည်။ ထိုအချိန် ခြံဝန်းအရှေ့သို့ ရပ်လာသော အနက်ရောင်ကားအရှည်ကြီးတစ်စီး။ ထိုကားကိုကြည့်လိုက်ရုံနဲ့ ဘယ်သူလာလဲဆိုတာကို တန်းသိကြသည်။ ပွဲကိုလာတဲ့သူတွေအားလုံးရဲ့အကြည့်က ထိုကားအနက်ရောင်ဆီသို့သာ။

ကားရဲ့အရှေ့တွင် သ-က်တော်စောင့်များက မတ်တပ်ရပ်ကာ တံခါးဖွင့်ပေးတော့ ကားထဲမှရိုဟန်ကထွက်လာပြီး ကားထဲသို့ထပ်မံလက်ကမ်းလိုက်သည်။ ဒါကိုမြင်တဲ့ကျောင်းသူကျောင်းသားများက

"ဟယ် ရိုဟန်က ဘယ်သူနဲ့လာတာလဲမသိဘူးနော် ခါတိုင်းဆိုသူတစ်ယောက်ထဲလာနေကြပါ အခုဘယ်သူနဲ့ပါလိမ့်"

"အေးနော် သွားပါပြီဟယ် ငါ့နှလုံးသားလေး ဘယ်ဟာမနောက်ပါသွားပြီလဲမသိဘူး"

"အေးဟယ် ငါ့မှာလည်း အိမ်မက်တွေမက်လိုက်ရတာ"

"ဒါပေမယ့် ငါတို့မှာမျှော်လင့်ချက်ရှိပါသေးတယ်ဟ ဝမ်ချင်ရဲ့မောင်လေးကလည်း တကယ့်အချောလေးလေ "

"အေးနော် သူလေးကျန်သေးတယ် ငါမေ့နေတာ"

"ဟီဟိ"

ထိုစကားသံတွေကို ရိပေါ်နဲ့ဝမ်ချင်ကကြားကာ သူတို့လည်းအတွေးကိုယ်စီနဲ့ပင်

(ရိုဟန်က ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားတဲ့သူပါ ဘယ်လိုဖြစ်တာပါလိမ့်?)

(ကျစ် ဒီကောင်ကိုမြင်ရင် ရှောင်းကျန့်ကိုပဲသတိရနေတယ် တကယ့်အနှောင့်ကောင်ပဲရိုဟန်)

ရိုဟန်လက်ကိုကိုင်ကာ ကားပေါ်မှဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် အားလူံးဆီမှ ထွက်လာသော အမေဋိတ်စကားသံများ

"ဟာ"

"ဟယ်"

"ကုန်ပြီ မိန်းမရေ နင်တို့ငါတို့တော့ ရှရတော့မယ်ထင်တယ်"

"ကောင်လေးက ချောလိုက်တာ"

"အဲ့ဒါရှောင်းကျန့်မလား မျက်မှန်လေးနဲ့လေ ရိပေါ်ရဲ့သူငယ်ချင်း"

"အေး ဟုတ်တယ်ဟ ငါအခုမှကြည့်မိတယ် ဟာကွာ ဒီလောက်လှတာကို ငါဘာလို့အစောကြီးကတည်းက မမြင်ခဲ့တာလဲ"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now