(Zawgyi)
🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸
ဧည့်ခန်းထဲမှာထိုင်၍ ရှောင်းမားအတွေးတွေများလို့နေသည်။ ရှောင်းမားတွေးနေစဉ်မှာပဲ အိမ်ရှေ့မှ ကားဝင်လာသံကြားတာကြောင့်ကြည့်တော့ ရှောင်းကျန့်နဲ့ရိုဟန်ပင်။ ရိုဟန်က ရှောင်းမားကိုဧည့်ခန်းထဲမှာတွေ့တာကြောင့် အရိုအေ-သပေးလိုက်သည်
"အန်တီ မဂ်လာပါ"
"အေး မဂ်လာပါသားရိုဟန်"
"ရှောင်းကျန့်ကိုပြန်ပို့ခဲ့ပြီဗျ ကျွန်တော်ပြန်လိုက်ပါဦးမယ်"
"အေး သားရိုဟန် ကျေးဇူးပါကွယ် ဂရုစိုက်သွားပါနော်"
"ဟုတ်ကဲ့အန်တီ ရှောင်းကျန့် ငါပြန်ပြီ စာမေးပွဲအတွက် အားမွေးထား ဖိုက်တင်း"
"အင်း ဖိုက်တင်း"
ရိုဟန်ထွက်သွားတော့ ရှောင်းကျန့် အပေါ်ထပ်သို့တက်မယ်အလုပ် ရှောင်းမားမှ
"သား လာဦး ဒီကို"
"ဗျာ? ဟုတ်မား"
ရှောင်းကျန့် ရှောင်းမားအနားကိုထိုင်လိုက်တော့ ရှောင်းကျန့်မျက်နှာကိုေ-သချာကြည့်လိုက်သောရှောင်းမား
"သားလည်း ငိုထားပြန်တာလား?"
"သားမငိုပါဘူး"
"မားကိုလာလိမ်ညာမနေနဲ့သား မင်းတို့ကိုမားဘာမှမပြောဘူးဆိုတာက ကလေးတွေစိတ်ချမ်းသာပါစေတော့ဆိုပြီး ဘာမှမပြောပဲကြည့်နေတာ အခုပြော ဘယ်လိုဖြစ်ကြတာလဲ"
"ဘာကိုလဲမား မားပြောတာကို သားနားမလည်ဘူး"
"ဟူး...သားတို့ပြန်မလာခင် ၁၅မိနစ်အလိုလောက်က သားရိပေါ်လေးပြန်လာတယ် မျက်နှာတစ်ခုလုံးနီရဲပြီး ငိုထားတာမှမျက်လုံးတွေဆိုမို့အစ်လို့ပဲ ဘယ်လိုဖြစ်ကြတာလဲ ပြောပါဦး"
"ဟင်? ရိပေါ်က ဘာလို့ငိုတာလဲ? သူကဘယ်ကိုသွားလို့လဲမား မားနဲ့အတူ အိမ်မှာရှိနေတာမဟုတ်ဘူးလား?"
"ဘယ်ကသာ မားနဲ့ရှိရမှာလဲ သားနဲ့ရိုဟန်တို့ထွက်သွားကြတော့ သူ့မှာမျက်နှာငယ်လေးနဲ့ အနောက်ကနေလိုက်ချောင်းကြည့်နေတာ ပြီးလည်းပြီးရော သားတို့နောက်ကိုကားနဲ့လိုက်သွားဝာာလေ"
YOU ARE READING
🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]
Fanfiction❄️ငယ်စဉ်ကတည်းအတူပေါင်းသင်းလာတဲ့သူငယ်ချင်းနှစ်ယောက် တစ်ဖက်သက်အချစ်နဲ့ချစ်ရသူအကြိုက် အရာရာကိုဖြည့်ဆည်းပေးတက်တဲ့ရှောင်းကျန့်နဲ့ ရည်းစားတွေပွေရှုပ် အပျော်အပါးမက်တက်တဲ့ဝမ်ရိပေါ်။ တတိယလူပေါ်လာတဲ့အခါ တစ်ဖက်သက်အချစ်နဲ့ရှောင်းကျန့်ကရောဆက်ချစ်နိုင်ပါဦးမလား ရည...