🌸Part -10🌸

1.6K 97 4
                                    

(Zawgyi)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

ကားပေါ်သွားကာ သူ့ကိုကြည့်ပြီးမှ မျက်နှာလွှဲသွားတဲ့ရှောင်းကျန့်ရဲ့အပြုအမူကြောင့် ရိပေါ်စိတ်ထဲနေလို့မကောင်းတော့ပေ။ နှလုံးသားရဲ့တစ်နေရာမှ ဆစ်ခနဲဖြစ်သွားတဲ့ခံစားချက်ကို ရိပေါ်ကောင်းကောင်းခံစားလိုက်ရသည်။

(ဘာလို့လဲ?...ဘာလို့ ငါဒီလိုခံစားနေရတာလဲ? ငါမှငါဖြစ်နေတဲ့ရှောင်းကျန့်က ဘာလို့ငါ့လက်ကိုဖြုတ်ချနိုင်ရတာလဲ? ငါကရော ဒီလိုလုပ်တာလေးကို ဘာကြောင့်ဒေါသထွက်နေရတာလဲ? ဘာတွေလဲကွာ)

မေးခွန်းတွေအများကြီးဖြစ်နေတဲ့ရိပေါ် ဒေါသထွက်နေကာ ဝမ်ချင်ဆီသွား၍

"ဝမ်ချင် ကိုယ်ပြန်တော့မယ်"

"ဘာလို့ပြန်မှာလဲ အစောကြီးကို"

"မသိဘူး နေမကောင်းချင်သလိုဖြစ်လာလို့ ပြန်တော့မယ်ဝမ်ချင် sorryကွာ နောက်နေ့မှပဲ ကိုယ်မင်းကိုအဖော်လုပ်ပေးပါ့မယ်"

"ရပါတယ် ရှင့်ကိုယ်ရှင်ပဲ နေကောင်းအောင်နေပါရိပေါ်  ကျောင်းဖွင့်တဲ့နေ့ကြမှ ပြန်တွေ့တာပေါ့"

"အင်း"

ဆိုကာ ထွက်သွားသောရိပေါ် မျက်နှာကြီးနီရဲနေလျက် လက်သီးကလည်းဆုတ်လို့ထားသည်။ ဝမ်ချင် သ-က်ပြင်းတစ်ချက်ချလိုက်သည်

(ရှင်နေမကောင်းလို့မဟုတ်ပါဘူးရိပေါ် ကျွန်မတွေ့လိုက်တယ် ရှင့်ရဲ့နာကျင်မှုတစ်ချို့ကို ရှင့်ကိုမရွေးပဲ ရှင့်လက်ကိုဖြုတ်ချပြီး ထွက်သွားတဲ့ရှောင်းကျန့်ကြောင့် ရှင်ခံပြင်းနေတာ နာကျင်နေရတာ ကျွန်မသိသွားပြီရိပေါ်)

...................................................................................

ကားပေါ်၌ ငူငူကြီးထိုင်နေတဲ့ရှောင်းကျန့်ကြောင့် ရိုဟန်က

"မင်းအဆင်ပြေရဲ့လား ရှောင်းကျန့်"

"အင်း"

"အင်းသာပြောတာ မင်းကြည့်ရတာအဆင်မပြေသလိုပဲ"

"ငါအဆင်ပြေပါတယ်ရိုဟန် နောက်ပြီး ဒီနေ့အတွက်ကျေးဇူးတင်ပါတယ် ပွဲမှာငါအချောဆုံးဖြစ်ခဲ့တယ်"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now