🌸Final🌸

1.8K 83 14
                                    

(Zawgyi)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

"ဟင်း...ဒါတော့ ဟုတ်ပါတယ် ဒါပေမယ့်ရှောင်းကျန့် ရှင်...ရိုဟန်ကိုတော့ မရွေးလိုက်ဘူး မဟုတ်လားဟင်"

ဝမ်ချင့်ကို ရှောင်းကျန့်ကြည့်နေသည်။

...................................................................................

ရိပေါ်နဲ့ရိုဟန် ကမ်းခြေမြေပြင်မှာထိုင်နေကာ ပင်လယ်ရဲ့အလှကိုရှုစားနေကြသည်။ ရိပေါ်က

"မင်း ငါ့ကိုဒီကိုဘာလို့ခေါ်တာလဲရိုဟန်"

"မင်းစိတ်ပြေသွားအောင်လို့ပါ"

"စိတ်ပြေအောင်?"

"အင်း မင်းကိုရှောင်းကျန့် ပြုမူလိုက်တဲ့အရာအတွက်ပေါ့"

ထိုအခါမှ သဘောပေါက်ကာ ခပ်ဟဟထရယ်တဲ့ရိပေါ်

"အဟက် အဟဟဟ အဟဟဟ"

ရိုဟန် ကြောင်အသွားကာကြည့်တော့ ရိပေါ်က

"အဟင်း ရိုဟန် မင်းက ဒါကိုကြည့်ပြီးငါ့အတွက်စိတ်မကောင်းဖြစ်မိနေတာလား တကယ့်အဖြစ်မှန်တွေကိုသာသိသွားရင် မင်းငါ့ကိုဆွဲထိုးမလားတောင်မသိဘူး"

"ငါနားမလည်ဘူး"

"အင်း ရှောင်းကျန့်က ဟိုးငယ်ငယ်လေးကတည်းက ငါ့အတွက်ဆိုအမြဲမငြီးမငြူနဲ့ ငါ့ဆန္ဒတွေကိုဖြည့်ဆည်းပေးတက်တဲ့သူတစ်ယောက် ဒီနေ့ သူငါ့ကိုလုပ်ခဲ့တဲ့အရာထက် အဆပေါင်းများစွာဆိုးရွားနဲ့အရာတွေကို ငါရှောင်းကျန့်အပေါ် ပြုမူခဲ့ဖူးတယ်"

"ဘာ!"

"ဟုတ်တယ် အဲ့ဒါကြောင့် အခုချိန်မှာငါ့အမှားတွေကို ငါသိနေပြီရိုဟန် ငါနောင်တတွေလည်းရနေပြီ ငါကတကယ်ကိုပဲ ခွင့်လွှတ်မှုနဲ့မထိုက်တန်တဲ့ကောင်ပါ ဒါပေမယ့်ရိုဟန် ငါရှောင်းကျန့်ကိုချစ်တယ် ငါ့အပြစ်တွေအတွက် သူခွင့်မလွှတ်မချင်းေ-သတဲ့အထိ ငါသူပေးတဲ့ပြစ်ဒဏ်တွေကိုခံယူသွားချင်တယ်"

မျက်ဝန်းမှ မျက်ရည်ကြည်တွေကျဆင်းလျက် မျက်ဝန်းမှာနောင်တဆိုတဲ့အကြည့်တွေက ရိုကျိုးနေပါပြီ။ ရိုဟန်က

"မင်းတကယ် ရှောင်းကျန့်ကိုချစ်တာလား"

"အင်း ချစ်တယ်ဆိုတာထက် ဘယ်အရာမျိုးနဲ့မှ ဖြတ်လို့မရနိုင်တဲ့သံယောဇဉ်တစ်ခု သူ့ကိုလေသံမာမာလေးနဲ့တောင် မထိခိုက်စေချင်တဲ့မြတ်နိုးမှုတစ်ခု ငါရှောင်းကျန့်ကိုတကယ်ချစ်တာရိုဟန်"

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Hikayelerin yaşadığı yer. Şimdi keşfedin