🌸Part -18🌸

1.4K 82 8
                                    

(Zawgyi)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

"ရှောင်းကျန့် မအေးဘူးလားမင်း"

"အင်း နဲနဲအေးစိမ့်စိမ့်ပါပဲ အဆင်ပြေတယ်"

"ဟာ...ဘယ်ရမလဲ တော်ကြာဖျားနေမှဖြင့် လာလာ"

ဆိုကာ သူဝတ်ထားတဲ့အနွေးထည်ကိုချွတ်ကာ မတ်တပ်ထ၍ ရှောင်းကျန့်ကို ခြုံပေးတော့ ရိပေါ်တို့တစ်ယောက် အသားများဆတ်ဆတ်ခါနေသည်

(ရိုဟန်!!! ခွေးမသား မင်းလွန်လာပြီနော်!!!!!!!)

ရိုဟန် ရှောင်းကျန့်ကိုအနွေးထည်ခြုံပေးလိုက်ပြီး ခုံမှာပြန်ထိုင်တော့ သူတို့ကိုချောင်းကြည့်ကာ ကြိတ်မနိုင်ခဲမရဖြစ်နေတဲ့ရိပေါ်ကိုမြင်ပြီး ခပ်ဟဟရယ်သွားမိသည် ။ ရှောင်းကျန့်က

"အဟဟဟ"

"ဘာဖြစ်တာလဲရိုဟန်"

"အဟဟ ဒီလိုပါပဲ အခုမှကလေးဆိုးကြီးတစ်ယောက်ကိုတွေ့နေရလို့ပါ"

"ကလေးဆိုးကြီး?"

"အော် ဒီလိုပါ အပြင်ဘက်ကိုကြည့်လိုက်လေ စောနက ဒီနားကနေ ကလေးတစ်ယောက်ဖြတ်သွားတယ် သူ့လက်ထဲမှာအရုပ်တစ်ရုပ်ရှိတယ် ဒါပေမယ့်သူက အဲ့ဒီအရုပ်ကို ဟောဟိုနားက လမ်းဘေးမှာပြစ်ခဲ့တယ် တခြားကလေးက အဲ့ဒီအရုပ်ကလေးကိုကြိုက်ပြီးယူသွားတယ် အဲ့ဒီအခါကြတော့မှ စောနကအရုပ်ကိုပြစ်ထားခဲ့တဲ့ကလေးက သူ့အရုပ်ကိုပြန်ပေးတဲ့ ဟိုကလေးကမပေးဘူးဆိုတော့ အရုပ်ကိုပြစ်ထားခဲ့တဲ့ကလေးကပြန်ပြောတယ် အဲ့ဒါငါပိုင်တာ ငါ့အရုပ်ပဲတဲ့ ဟိုကလေးကမပေးပဲထွက်သွားတော့ အရုပ်ကိုပြစ်ခဲ့တဲ့ကလေးက ငိုပြီးကျန်ခဲ့ရှာတယ်"

"အော်...မင်းအစအဆုံးမြင်လိုက်တာပဲ"

"အင်း ဟုတ်တယ်"

ရှောင်းကျန့် ရိုဟန်ပြောပြတဲ့အဖြစ်အပျက်ကိုနားထောင်ကာ စိုးရိမ်စိတ်တစ်ခုသန်းလာခဲ့သည် ဒါနဲ့တစ်ဆက်တည်းမှာပဲ မျက်ဝန်းမှ မျက်ရည်တို့က ဝဲလာလျှက်။ ထို့အတူ ရိုဟန့်စကားကို ရိပေါ်လည်းကြားသည်ပင် ကြားလိုက်ပြီးသည်နှင့် မျက်နှာမှိုင်ကျသွားသောရိပေါ်။ ရှောင်းကျန့်က လမ်းမအပြင်ဘက်ကိုငေးကြည့်နေကာ ငိုသံသဲ့သဲ့လေးဖြင့်

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now