🌸Part -15🌸

1.7K 110 8
                                    

(Zawgyi)

🌸More than friend(သူငယ်ချင်းထက်ပိုသော)🌸

"နောက်ပြီးရှင်ပဲ ရှင်လည်း ရှောင်းကျန့်ကိုချစ်နေတယ်"

"ဟာ...မဖြစ်နိုင်တာ ကိုယ်မင်းကိုချစ်တာလေ ဘယ်လိုလုပ်ရှောင်းကျန့်ကိုချစ်မှာလဲ"

"မဟုတ်ဘူးရိပေါ် အမှန်တကယ်တော့ ရှင်ကျွန်မကိုချစ်တာမဟုတ်ဘူး ကျွန်မတို့မိန်းကလေးတစ်ယောက်ရဲ့အလှအပေါ်မှာ ခဏတာနစ်မျောနေတာ ဒါကိုရှင့်စိတ်ထဲမှာ အချစ်လို့ထင်နေတာရိပေါ်"

"မ မဖြစ်နိုင်ပါဘူး..."

"ရိပေါ်ရယ် မဖြစ်နိုင်တာမဟုတ်ပါဘူး ရှင်လက်မခံနိုင်သေးတာပါ ရှင်ေ-သချာစဉ်းစားကြည့်ပါဦး ရှောင်းကျန့်လေးက ရှင်ဆိုးသမျှ ရှင်ပြောဆိုသမျှကို သူဘာလို့ငြိမ်ခံနေလဲ? အချစ်ဆုံးသူငယ်ချင်းဆိုပြီး မိန်းကလေးတစ်ယောက်ကိုပဲရွေးချယ်ပြီးကယ်သွားခဲ့တဲ့ရှင့်ကို ရှောင်းကျန့်ဘာလို့မမုန်းခဲ့လဲ? ရှင့်အပေါ်အနစ်နာခံမှုတွေ ရှင့်ကိုပဲတစိမ့်စိမ့်ကြည့်ပြီး အမြဲဘာလို့ရှင်လုပ်ချင်တာမှန်သမျှဖြည့်ဆည်းပေးနေတယ်ထင်လဲ? ချစ်လို့ပဲရိပေါ်  ချစ်လို့ပဲ...ရှင့်ကိုသိပ်ချစ်လို့ သူအားလုံးကိုသည်းခံခဲ့တာ"

ရိပေါ် ဝမ်ချင့်စကားတွေကိုနားထောင်နေကာ သူ့မျက်လုံးထဲပေါ်လာတဲ့ရှောင်းကျန့်ရဲ့ပုံရိပ်များ သူတကယ်ပဲ ရှောင်းကျန့်ရဲ့အနစ်နာခံမှုကိုမမြင်ခဲ့ပါ သူ့ဆန္ဒကိုပဲ သူဦးစားပေးခဲ့မိတာကို တွေးမိတော့ မျက်ရည်ဝဲလာကာ အတွေးတွေရှုပ်ထွေးနေသည်

"................"

"နောက်ပြီးတော့ ရှင်...ရှင်ရှောင်းကျန့်မရှိရင်မနေနိုင်ဘူးမဟုတ်လား? ရှောင်းကျန့်က ရှင့်အစား သူများကိုဦးစားပေးနေရင် ရှင်ဒေါသထွက်တယ်မဟုတ်လား? ရှင့်ကိုမခေါ်မပြောရင် ရှင်မနေနိုင်တော့ဘူးမဟုတ်လား? ရှောင်းကျန့်အနားမှာ တခြားသူတွေရှိနေရင် ရှင်ဒေါသထွက်တယ်မဟုတ်လား? ရှောင်းကျန့်တစ်ခုခုဖြစ်ရင် ရှင့်ရင်ထဲမှာ အရမ်းပူလောင်ရတယ်မဟုတ်လား?"

ဝမ်ချင်ရဲ့အမေးစကားတွေက သူဖြစ်နေတာနဲ့တစ်ထပ်ထဲကျနေတဲ့အတွက် ရိပေါ်အရမ်းအံ့ဩနေသည်

🌸More Than Friends(သူငယ်ချင်းထက်ပိုသော)🌸[Complete]Where stories live. Discover now